Part-14

15K 1.3K 59
                                    

အမုန်းတရား၏နောက်တော်ပါး Ep-14

Zawgyi


  မိခင်အိမ်ရောက်တော့ အေးချမ်းနွေးထွေးသော ကြိုဆိုမှုကို စတင်ခံစားလိုက်ရသည်။

  မိခင်က အပြုံးနှင့်ကြိုနေ၏။ နှုတ်ကလည်း ဖွင့်ဟလို့ ကျေနပ်စွာ ကြိုလာသည်။

  "ဟဲ့သား. . .မျက်စိလည်လာသလား၊ သားလေးကော ခေါ်မလာဘူးလား"

  "မာမီ့သားက ဂျစ်ကန်ကန်နဲ့ ခေါ်တိုင်းလည်း လိုက်ချင်မှလိုက်တာ၊ သူ သွားချင်ရင် ဘယ်သူတားတား ရမှာမဟုတ်ဘူး၊ သွားချင် သွားတာပဲ"

  "ဪ. . .ဒါကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ သူတွေရဲ့သဘာဝပဲ သားဝမ်၊ ဒါကို မင်း နားလည်ခံစားနိုင်ရမယ်၊ ခွင့်လွှတ်နိုင်ရမယ်"

  မိခင်က သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ထားသော သမက်ကို အပြစ်မြင်လိမ့်မည် မဟုတ်. . .

  "မာမီ့ကို ပြောရဦးမယ်၊ Langfangတုန်းက သားရဲ့သူငယ်ချင်း မိန်မိန်ကို မှတ်မိသေးလား"

  "မှတ်မိတာပေါ့၊ ဟိုနေ့ကတောင် သားလေးလာတဲ့နေ့က ဓာတ်ပုံအယ်ဘမ်လ် စစ်ဆေးရင်း၊ ရှင်းရင်းနဲ့တောင် တွေ့လို့ သတိရမိသေးတယ်၊ သားလေးကတောင် မေးနေသေးတယ်"

  သူ ခန္ဓာကိုယ် မတ်သွား၏။

  "ဘာမေးတာလဲ မာမီ"

  "သားရဲ့ငယ်နာမည်က ဘာလဲတဲ့၊ သူ့သူငယ်ချင်းမလေး နာမည်ကောတဲ့ မာမီက ပြောပြလိုက်ပါတယ်"

  အဲဒီနေ့ကသာ ရှောင်ကျန့်သည် သူ့မိခင်ထံသို့ ရောက်မလာခဲ့ဘူးဆိုပါက အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလွဲသွားနိုင်သည်။

  "အဲဒါနဲ့ ဆက်စပ်ပြီး သား မိန်မိန်ကို ပြန်တွေ့ပြီ"

  "ဟင်. . .ဟုတ်လား သား၊ ဘယ်မှာလဲ ခေါ်ခဲ့ဦးလေ မာမီ့ဆီကို"

  မိခင်က သမီးငတ်သူပီပီ မိန်မိန်ကို ငယ်ငယ်ကတည်းက ချစ်ခင်သည်။ အလိုလိုက်သည်။

  "မေဗယ်လ်ကော တွေ့သေးလား"

  မေဗယ်လ်ဆိုသည်မှာ ကျူးလီရန်၏မိခင် ဒေါ်လီမုကျင်းကို ပြောခြင်းဖြစ်၏။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now