Part-16

16.8K 1.4K 159
                                    

အမုန်းတရား၏နောက်တော်ပါး Ep-16

Zawgyi

"မနေ့က ရှင့် မောင်တော်တို့သားအမိ ကျုပ်မာမီဆီလာတယ် ရှောင်ကျန့်"

"ဟုတ်လား၊ မနေ့ကမှ ရောက်သလား၊ အမှန်ဆို သူ မင်းကို ဒီထက်ပိုစောပြီး လာတွေ့သင့်တာ"

ကျူးလီရန်သည် ရှောင်ကျန့်၏စကားကို အရေးမထားဟန်ဖြင့်. .

"အေးလေဟယ်...မာမီက သိပ်တွေ့ချင်နေတာ၊ အားတာနဲ့ သွားတွေ့ဖို့ပဲ ဒါပေမဲ့ သူတို့သားအမိက လာတွေ့တော့ အရမ်းပျော်နေကြတယ်"

ပျော်ရုံပဲလား. . .

ဝမ်းကောမနည်းကြဘူးလားဟု မေးလိုက်ချင်သော စကားကို ရှောင်ကျန့်ရင်ထဲ သိုဝှက်လိုက်ရသည်။

အိမ်ထောင်ချပေးလိုက်တာ စောသွားလေခြင်းဟူသော နောင်တတရားတို့နှင့် မိခင်များ ဝမ်းနည်းနေကြသလို၊ ကာယကံရှင်များကကော မည်သို့ ခံစားနေရသနည်း။

"ရှင် ဘာဖြစ်လို့ မလိုက်လာတာလဲ"

"လွတ်လွတ်လပ်လပ် တွေ့စေချင်လို့ပေါ့"

ကျူးလီရန်က ရှောင်ကျန့်ကို ကြည့်လိုက်၏။ အကဲခတ်ရ ခက်သည်။

"ရှင်က ကျုပ်တို့ကို မသင်္ကာဖြစ်နေတာလား"

"မဖြစ်ပါဘူး၊ မနာလိုခြင်းဆိုတာ ချစ်ခြင်းရှိမှ ဖြစ်ပေါ်မှာ၊ ငါက ငါ့ယောကျာ်းကို မချစ်ဘဲ ဝန်တိုစရာအကြောင်းမရှိပါဘူး"

ကျူးလီရန် သက်ပြင်းချလိုက်သည်။ စိတ်တွင်း၌ "တော်ပါသေးရဲ့" ဟု ပြောလိုက်မိသည်။

"မင်းတို့ ပြေလည်သွားရင် ငါ ကွာပေးမယ်၊ ညှိနှိုင်းကြ ငါ့ဗိုက်ကို ငဲ့စရာမလိုဘူး၊ ငါ့ရင်သွေးအတွက် ငါပဲ. . ."

"တော်စမ်း ရှောင်ကျန့်၊ ရှင် ကျုပ်ကို မစော်ကားနဲ့၊ ကျုပ် အပျိုစင်ဘဝနဲ့ သန့်သန့်လေးနေတာ အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်ကို ပေးဆပ်ဖို့ မဟုတ်ဘူး၊ သူတစ်ပါးအိမ်ယာကို ဖျက်ဆီးပစ်ရလောက်အောင် ကျုပ် မယုတ်မာဘူး"

"ဒေါသကြီးပဲ ဒေါ်လီရန်ရယ်၊ ငါက စတဲ့ဟာကို"

ရှောင်ကျန့်က ရယ်မောကာ ကျူးလီရန်အား လှမ်းပြောလိုက်သည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now