အမုန်းတရား၏နောက်တော်ပါး Ep-67
Zawgyi
လိုအပ်သည့်နေရာမှန်သမျှ လှူဒါန်းမည်အကြောင်း တစ်ရွာလုံးကိုအသိပေးလိုက်တော့ ကျေးဇူးတွေတင်ကာ ငွေအားမကူညီနိုင်ပေမယ့် လုပ်အားဖြင့်ကူညီပေးကြမည်ဟုဆိုပြီး ပြောကြားကြခြင်းကြောင့် နောက်တစ်နေ့မှာပင် ရီပေါ် ပေကျင်းကိုပြန်ကာ လိုအပ်သည့်ငွေသားများနှင့် ကျွမ်းကျင်သောအင်ဂျင်နီယာများကို ငှါးရမ်းခေါ်ယူခဲ့သည်။
အင်ဂျင်နီယာများ၊ ကျေးရွာလူကြီးများနှင့်တိုင်ပင်ကာ လိုအပ်သည့်ပစ္စည်းများကို ကျွမ်းကျင်သူများထံသေချာမေးပြီး မှာယူခဲ့၏။ နှစ်ဖက်မိဘများနှင့် သူတို့မိသားစုပါ လှူဒါန်းကြသည်ကြောင့် ငွေများကထင်ထားသည်ထက်ပင် ပိုများပြားလေသည်။
တံတားဆောက်ရန်အတွက် ငှါးရမ်းထားသည့်အင်ဂျင်နီယာများကို နွေရာသီကျောင်းပိတ်ရက်မို့ စာသင်ကျောင်းတွင်သာ တည်းခိုခိုင်းစေလိုက်ပြီး၊ အစားအသောက်များကို အိမ်တွင်သာချက်ပြုတ်ပြီး ပို့လေ၏။
တံတားဆောက်ရန်အကောင်အထည်ဖော်ကတည်းက အင်ဂျင်နီယာများနှင့်အတူ ရွာသူရွာသားအပေါင်း ချောင်းအပေါ်စီးမှသဲတွေတိုက်ကာ ကူညီပေးကြ၏။ အမျိုးသမီးများကလည်း ရေ၊ စားသောက်ဖွယ်ရာ၊ အသီး၊ လက်လုပ်မုန့်များကိုပြုလုပ်ကာ တည်ခင်းဧည့်ခံကျွေးမွေးကြပြန်သည်။
ရွာလမ်းများကိုလည်း ကွန်ကရစ်ခင်းကာ အိမ်ရှေ့မြောင်းလေးတွေအား ကွန်ကရစ်အနားသပ်စေ၏။ သစ်သားဆောင်ဖြင့်ပြုလုပ်ထားသည့် စာသင်ကျောင်းများကို အုတ်များဖြင့်အသစ်ပြန်လည်ပြုပြင်ကာ ကျောင်းဝန်းအုတ်နံရံများကိုလည်း ကျောင်းသားကျောင်းသူကာတွန်းပုံလေးများဖြင့် ပြုပြင်စေသည်။ ကျောင်းဝန်းထဲ၌ အရိပ်ရသောသစ်ပင်ကြီးများကို အုတ်တွေဖြင့်ဝိုင်းရံထားပြီး ထိုင်လို့ရအောင် ပြင်ဆင်ခဲ့ကြ၏။
မြို့ပြ၌ကျောင်းသွားတက်ရမည့်ကလေးတွေအတွက် သွားရလာရအဆင်ပြေအောင် လိုင်းကားငါးစီးဝယ်ယူကာ၊ အိမ်ကနေမသွားချင်တဲ့ကလေးတွေအတွက် အဆောင်စရိတ်နှင့် အစားအသောက်များအား ထောက်ပံ့ပေးလေသည်။ ကျောင်းမတက်နိုင်သည့်ကလေးငယ်တွေကိုလည်း ပညာပြန်သင်ယူစေရန်အတွက် ထောက်ပံ့ပေးခဲ့သည်။
ကျေးရွာအနီး၌လာစွန့်ပစ်ကြသည့် ကလေးငယ်တွေအား စောင့်ရှောက်ရန်အတွက် ဆရာ၊ဆရာမတွေငှါးကာ မိဘမဲ့ဂေဟာတစ်ခုဖွင့်လှစ်ခဲ့၏။ အစားအသောက်တွေကအစ ထောက်ပံ့ပေးခဲ့၏။ ကျေးရွာသူနာပြုနေထိုင်သော ဆေးခန်းကိုရှင်းလင်းသုတ်သင်ခဲ့ပြီး ကျေးရွာလူများကိုစောင့်ရှောက်ဖို့ရန်နှင့် ဆရာဝန်အသစ်နှစ်ယောက်ထပ်ပို့ပေးမည်ဟုပြောပြီး အရင်သူနာပြုမအား နားလည်အောင်ရှင်းပြခဲ့သည်ကြောင့် သဘောတူကာ အရင်ကအမှားတွေအတွက် ကျေးရွာသူရွာသားတို့အား တောင်းပန်ခဲ့လေသည်။
ဘဏ်အကောင့်ထဲမှ သုံညအလုံးရေမည်မျှပြုတ်သွားသလဲဆိုတာမသိပေမယ့် ကိုယ်လှူလိုက်ရသည့်အရာတွေကြောင့် ဝမ်းသာပီတိဖြစ်ရ၏။ တံတားဖွင့်ပွဲ၊ ကျောင့်ဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ကားအန္တရာယ်ကင်းပွဲများကို တစ်နေ့တည်းတွင်ပြုလုပ်ခဲ့ပြီး တစ်ရွာလုံးမီးခိုးတိတ် ကျွေးမွေးခဲ့သည်။
အသစ်ရောက်လာကြသည့် ဆရာဝန်၊ ကျောင်းဆရာမ၊ မိဘမဲ့ဂေဟာမဆရာဆရာမများကို တစ်ရွာလုံးနှင့်ရင်းနှီးစေရန် ထိုညမှာပင် ကြိုဆိုပွဲလေးတစ်ခုပြုလုပ်ခဲ့၏။ ထင်ထားသည့်အချိန်ထက် အနည်းငယ်ပိုကြာသွားခြင်းကြောင့် သုံးရက်အကြာဆိုလျှင်ပင် ကလေးတွေရဲ့ကျောင်းဖွင့်ချိန် ရောက်လုနီးလေပြီ။
ရှောင်းရှောင်လေးသည်လည်း ရှစ်လထဲသို့ဝင်လေပြီ။ ကျောင်းဖွင့်ချိန်နီးကပ်လာခြင်းကြောင့် နောက်တစ်နေ့တွင်ပြန်ရန်သာ စီစဉ်ရတော့သည်။
နောက်တစ်နေ့ပြန်ဖို့ရန်အတွက် ယူဆောင်လာသည့်အဝတ်အစားများ Luggageထဲသို့ခေါက်ထည့်ရ၏။ ဧည့်ခန်းအတွင်းမှ ကာတွန်းကားကြည့်၍ အမြွှာနှစ်ယောက်ရဲ့ သဘောတကျရယ်မောသံတွေက လှိုင်တက်လို့နေလေသည်။ ရွာကဆွေမျိုးသားချင်းတွေနှင့် စကားလက်ဆုံကျနေသည့် မာမီတို့သည်လည်း မနက်ဖြန်ပြန်ရန်အတွက် စကားဖောင်ဖွဲ့နေကြ၏။ ရှောင်းရှောင်လေးကို အဖိုးဖြစ်သူပွေ့ချီထားခြင်းကြောင့် ရင်ခွင်ထဲမှနေ၍ ဟိုဟိုဒီဒီကြည့်နေလေသည်။
"မောင် ကားတွေသေချာစစ်ပြီးပြီလား"
"စစ်ပြီးပါပြီကွာ"
အဝတ်စားတွေသေချာခေါက်ထည့်နေသည့်ကြည့်ကို အနောက်ဘက်မှသိုင်းဖက်၍ ပခုံးပေါ်သို့မေးဖျားတင်ကာ လည်တိုင်လေးကို နှုတ်ခမ်းထူထူဖြင့်ပွတ်ဆွဲလိုက်တော့၊ ကျန့်ရဲ့ကိုယ်လုံးလေးက တစ်ချက်တုန်တက်သွား၏။
"ဘယ်လိုဖြစ်နေတာလဲ ဒီမှာအဝတ်စားတွေခေါက်နေတယ်လေ"
"အင်း. . .ခေါက်လေ"
တားဆီးနေသည့်ကြားမှ မျက်နှာအနှံ့တရှုံ့ရှုံ့လိုက်နမ်းနေပြီး လက်တွေကအင်္ကျီအတွင်း ဝင်ရောက်ကျူးကျော်လာသည်မို့ ခပ်ဆတ်ဆတ်ရိုက်လိုက်မိတော့၊ လက်ကိုချက်ချင်းပြန်ရုတ်သွား၏။
"အိပ်တော့ မနက်ဖြန်ကားမောင်းရမှာ"
"လေ့ကျင်းခန်းလုပ်ရင်းနဲ့ အိပ်မယ်လေ"
"မောင် စလာပြန်ပြီလား"
"အသားပဲ့ပါသွားတဲ့အတိုင်းဘဲ တွန့်တိုလိုက်တာ"
"အသားတော့ပဲ့ပါမသွားဘူး အသားအပိုသုံးလုံးကတော့ ဗိုက်ထဲကနေထွက်လာတယ်"
"နောက်ထပ်တစ်လုံးရအောင် ပြန်ကြိုးစားကြမယ်လေ"
"ဒီသုံးယောက်ကိုတောင် မနည်းထိန်းနေရတာ၊ တော်ပြီ မကြိုးစားဘူး"
"ပါပါး"
"ကလေးတွေလာနေပြီ အနေအထိုင်ဆင်ခြင်"
"ပါပါး"
အဲဒီနှစ်ယောက်က အကြားအမြင်တွေရနေတာလား၊ သူတို့ပါပါးကို တစ်ခုခုလုပ်မယ်ကြံတိုင်း ရောက်ရောက်လာတယ်. . .
"ဘာလာလုပ်ကြတာလဲ"
"မောင်"
"အိပ်ချင်ပြီ ပါပါး"
"ဝှါး. . ."
"ကလေးတွေကိုခေါ်ပြီး အိပ်တော့၊ စကားမများနဲ့"
တစ်ချက်လွှတ်အမိန့်တွေဖြင့် ဟောက်စားလုပ်နေသည့်ကျန့်ကို ဘာမှမလုပ်ရဲသည်မို့ အမြွှာနှစ်ကောင်ကို မျက်စောင်းထိုး၍ တင်ပါးတွေကိုဆပ်ဆတ်ဆတ်ရိုက်ပစ်လိုက်၏။
သင်းတို့ကြောင့် သူညစာငတ်ပေါင်းတော်တော်များနေပြီ. . .မနက်ဖြန်ပေကျင်းပြန်လျှင်တော့ မာမီတို့နဲ့တစ်ပါတည်း ထည့်ပေးလိုက်မည်။ ကားပျက်သည်ဆိုပြီး ကျန့်နဲ့ဟိုတယ်တစ်ခုမှာတည်းပြီး ဥပုသ်စောင့်ခဲ့ရသည့်နှစ်လလုံးလုံးအတွက် နံနက်စာ၊ နေ့ခင်းစာ၊ ညစာပါ အရိုးကျေကျေ အရေခမ်းခမ်း စားပစ်လိုက်မည်။
တင်ပါးတွေကိုခပ်ဆတ်ဆတ်ရိုက်လိုက်သည်မှာ သင်းတို့အားချော့မြူနေသည်ဟု ထင်များနေသလားမသိ။ ချက်ချင်းပင် အိပ်ပျော်သွားကြသည်မှာ ဟောက်သံလေးတွေပင် ညံစီနေလေသည်။
ကိုယ့်အကြံစည်နှင့်ကိုယ်မို့ ကျန့်ပြောသည့်အတိုင်းလိုက်နာကာ သူလည်းတစ်ရေးတစ်မောအိပ်ရန် အမြွှာနှစ်ကောင်နံဘေးတွင် လဲအိပ်လိုက်၏။ ကျန့်သာသူ့အကြံစည်ကိုသိလျှင် မာမီတို့ရဲ့ကားဖြင့် လိုက်ပါသွားမည်မှာ မလွဲဧကန်။ ခပ်ဟဟရယ်လိုက်မိတော့ ကျန့်ထံမှမျက်စောင်းက ဒိုင်းခနဲ။
မနက်ဖြန်ဆိုလျှင် အဲဒီမျက်စောင်းလေးထိုးနိုင်ဦးမလားဆိုတာ သိချင်စမ်းပါဘိ။ ကိုယ့်ရဲ့ကာမပိုင်အမျိုးသားဖြစ်သော်လည်း ကလေးတွေမသိအောင် ခိုးစားနေရသည်မှာ မယားကြီးရှိပါလျှက်နှင့် မယားငယ်ဖြင့်ဖောက်ပြန်နေရသည့် သူလို။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan