အမုန်းတရား၏နောက်တော်ပါး Ep-24🚫
Zawgyi
Jiningမြို့အဝင် ကားဂိတ်အနီးတွင်ရှိသော စားသောက်ဆိုင်လေး၌ ရပ်နားလိုက်သည်။
ကျန့် သူ့ကို ထားခဲ့တာသုံးနှစ်လည်း ကျော်သွားခဲ့လေပြီ။ ကျန့် ပျောက်သွားသည့်နေမှစ၍ လူလွှတ်ပြီးရော သူကိုယ်တိုင်ပါ ရှာဖွေခဲ့သည်မှ ယနေ့အထိပင်။ ပြီးတော့ "ရင်ထဲက ရှောင်ကျန့်" ဆိုသည့် ရင်တွင်းဖြစ်စာအုပ်လေးကို ရေးသားကာ ကျန့်ကို ရှာဖွေခဲ့ပြန်၏။
ယနေ့တွင်တော့ Jiningမြို့၌ အန်ကယ်လ်ရှင်းနှင့် လာရောက်ရှာဖွေ ဖြစ်သည်။
အပုန်းကောင်းလှချည်လား ကျန့်ရယ်. . .
တကယ်လို့များ. . .ဖြစ်နိုင်ရင်. . .မင်းရဲ့အချိန်တချို့ကို. . .
ငါ့နေ့စွဲလေးတွေထဲမှာ မြတ်နိုးစွာစုဆောင်းခွင့် မင်းပေးသင့်ပါပြီ။
အဲဒီချစ်ခြင်းတရားထဲက ရုန်းထွက်သွားဖို့ကြိုးစားတိုင်း. . .
ငါ့ရင်ဘတ်ထဲမှာ သံယောဇဉ်တွေ ထပ်လာတာပဲ အဖတ်တင်ရဲ့
မင်းကိုတော့ မမေ့နိုင်ခဲ့ဘူး။
ဒါကြောင့်. . .တင်းထားတဲ့ မာနတွေလည်း လျှော့ချပါရစေတော့။
သိမ်းထားတဲ့ ရင်ခုန်သံလည်း ဖွင့်ဟပါရစေတော့။
တကယ်လို့များ. . .ဖြစ်နိုင်ရင် မင်းရဲ့အချိန်တချို့ကို. . .
ငါ့နေ့စွဲလေးတွေထဲမှာ မြတ်နိုးစွာစုဆောင်းခွင့် မင်းပေးသင့်ပါပြီ
ချစ်သူရယ်. . .
"ဆရာ ခဏနားရင်း တစ်ခုခုစားရအောင်၊ ဒီမှာ ကားတော်တော်များတယ် ကျွန်တော် စုံစမ်းလိုက်ဦးမယ်"
"အိုကေ အန်ကယ်လ်ရှင်း အဆင်ပြေသလိုလုပ်ပါဗျာ အညောင်းပြေဆင်းလိုက်ဦးမယ်"
ရီပေါ် ကားပေါ်မှဆင်းပြီး စားသောက်ဆိုင်သို့ ဦးတည်ရန်ခြေလှမ်း လှမ်းလိုက်စဉ် လမ်းကြိုးထဲမှပြေးထွက်လာသည့် အမျိုးသားတစ်ဦး. . .
သူ သုံးနှစ်ကျော် မျှော်လင့်လွမ်းဆွတ်တမ်းတခဲ့ရသည့် အချစ်ရဆုံးလူသားလေး၊ သူ၏အချစ်ရဆုံး အမျိုးသားလေးကျန့်. . .
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan