အမုန်းတရား၏နောက်တော်ပါး Ep-4
Zawgyi
မိမိတို့အတွက် ရီပေါ်မိဘများက လက်ဖွဲ့အဖြစ်ပေးထားသော Zhengyi Rdလမ်းထဲမှ အိမ်ကို သွားကြည့်သည့်နေ့ပင် ပြဿနာက စသည်။
နှစ်ယောက်အိပ်ခန်းကို မတွေ့ရသဖြင့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည်။
သုံးဘက်မြင် မှန်တင်ခုံနှင့် ယောကျာ်းလေးအသုံးအဆောင်ပစ္စည်း အစုံအလင် ပြင်ဆင်ပေးထားသော အိပ်ခန်းကို ပြပြီး. . . . .
"အဲဒါ မင်းအတွက် အခန်းပဲ"
ဪ. . . . .
ကိုလူချောက ဘိုဆန်ဆန် ကျင့်သုံးချင်စိတ် မပျောက်သေးဘဲကိုး။ အနောက်တိုင်း အငွေ့အသက်တို့က သူ့အား လွှမ်းမိုးနေဆဲ ထင်ပါရဲ့။
"ခင်ဗျားကရော"
"ဟိုဘက်မှာ"
ယောကျာ်းသားဖြစ်သော မိမိက ဒီကိစ္စကို အရေးကြီးခွင်ကျယ်လုပ်ပြီး ပြောပြရန် သင့်တော်ရဲ့လား။
ပြောတော့ ပြောပြချင်သည်။
တရုတ်အမျိုးသား(ကော) အမျိုးသမီးများသည် ခင်ပွန်းကို ကုတင်၏လက်ယာဘက်၌ ထားကာ၊ ခေါင်းအုံးကို အသာလျောအိပ်ပြီး ဖြစ်စေ၊ ခင်ပွန်း၏ဘယ်လက်ကို ခေါင်းအုံးပြီးဖြစ်စေ၊ ရင်ခွင်ထဲ အသာတိုးကာ အိပ်လိုက်ခြင်းဖြင့် လုံခြုံနွေးထွေးသော အိမ်ထောင်သည်ဇနီးမယားတစ်ယောက်၏ ပြည့်စုံမှုကို ခံစားလိုက်ရလိမ့်မယ် သားဟု မိခင်ပြောပြခဲ့သော စကားတို့သည် အကောင်အထည်ဖော်နိုင်တော့မည် မဟုတ်. . . . .
တစ်ယောက်တစ်ခန်းဆီ အိပ်ကြရမည်။ သူ့ အလိုဆန္ဒရှိမှ မိမိထံသို့ လာမည်။
မိမိကကော သူ့ထံသို့ သွားရမည်လား။ ဝေးသေး. . . . .
ဘယ်တော့မှ သူ့တံခါးကိုခေါက်ကာ ဝင်ခွင့်တောင်းလိမ့်မည် မဟုတ်။
"အိမ်ထောင်ဆိုတဲ့ နှောင်ဖွဲ့မှုကို ငါမနှစ်သက်ဘူး၊ မင်းကော"
"ကျွန်တော် အိမ်ထောင်မကျဖူးသေးတော့ မသိဘူး"
"ငါ့ရဲ့သဘောက မင်းကို နှောင်ဖွဲ့မထားဘူး၊ မင်းဖာသာမင်း လွတ်လပ်စွာ နေထိုင်စားသောက်ခွင့် ရှိတယ်၊ သွားလာခွင့် ရှိတယ်၊ အလားတူ ငါ့ကိုလည်း မင်း နှောင်ဖွဲ့ခွင့် မရှိဘူး၊ ငါသွားချင်တဲ့ အချိန် သွားချင်တဲ့နေရာ သွားမယ်၊ မင်းအပေါ် ငါသစ္စာမဖောက်ဘူး၊ မင်းလိုအပ်တာတွေ ဝယ်ပေးမယ်၊ အိမ်ထောင်တစ်ခုလုံးရဲ့ လိုအပ်ချက်တွေကို ဘဏ္ဍာစိုးအန်ကယ်လ်ရှင်းနဲ့ အပြည့်အစုံ ဖန်တီးပေးထားမယ်၊ မင်း လိုအပ်တာသုံးဖို့အတွက် မီးခံသေတ္တာသော့တစ်ချောင်း ငါပေးထားတယ်၊ မင်းအတွက် တာဝန်ကျေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ လုပ်ရပ်မှန်သမျှ အကုန်လုပ်ပေးမယ်"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan