အမုန်းတရား၏နောက်တော်ပါး Ep-15
Zawgyi
နေဝင်ဖျိုးဖျအချိန်လေး၌ ပြန်လာသောသူ့အား အမျိုးသားလုပ်သူသည် အထူးအဆန်းသဖွယ် ကြည့်လိုက်လိမ့်မည်ဟု သူ့မျှော်လင့်ချက်တို့သည် သဲထဲရေသွန်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
အမျိုးသားနှင့်အတူ ကျဲယွီယွီ၊ ဒေါ်ကု၊ ဦးရှင်းတို့ပါ စားသောက်နေကြသည်။
သူ့ကို မြင်သည်နှင့် ဦးရှင်းက ဝမ်းသာအားရ,ထကာ ဇွန်းခက်ရင်းကို ချ၍. . .
"ဆရာပြန်လာပြီ၊ တစ်ခါတည်း ထမင်းစားလိုက်ပါလား၊ ကျွန်တော်တို့ အစ်ကိုလေး ထမင်းစားဝင်အောင် ဝိုင်းဖွဲ့ပေးနေကြတာ၊ ဆရာပါ ပါတော့ ပိုကောင်းတယ်၊ လာ. . .ဆရာ"
သူ ရေချိုးပြီးမှ ထမင်းစားလေ့ရှိသည်။ သို့သော် အခွင့်အရေးသည် တစ်ကြိမ်တစ်ခါပဲ ရနိုင်သည်ဟု သူ သဘောပေါက်ထားသဖြင့်. . .
"ကောင်းတာပေါ့၊ ဆာနေတာနဲ့ အတော်ပဲ"
သူ့အတွက် စားပွဲထိပ်နေရာသည် လပ်နေ၏။ အသင့်ရှိနေသော ပန်းကန်နှင့် ဇွန်းခက်ရင်းကြောင့်. . .
"ကျွန်တော် ပြန်လာမယ်ဆိုတာ သိလို့လား အန်ကယ်လ်ရှင်း"
"မဟုတ်ဘူး၊ အစ်ကိုလေးက စရောက်လာကတည်းက ဆရာ့အတွက် နေရာ၊ ဆရာ စားစားမစားစား အမြဲတမ်း ပြင်ဆင်ထားပေးရမယ် ဆိုလို့ပါ"
ဒေါ်ကုက သူ့အတွက် ထမင်းခူးခပ်ပေးရင်း ပြော၏။
သူ. . .တအံ့တဩနှင့် အမျိုးသားကို ကြည့်လိုက်သည်။
အမျိုးသားက ဘာမှ မဖြစ်သလိုပင်။ ဟင်းချို ခပ်သောက်လိုက်သည်။
"ဟုတ်လား. . .ကျန့်၊ နောက်ဆိုရင် ငါ အမြဲစားသောက်ပါ့မယ်"
"ဒါကတော့ ယောကျာ်းသဘောပဲလေ၊ ကျွန်တော့်ဘက်ကတော့ တာဝန်ကျေပွန်အောင် လုပ်ဆောင်ပေးရမယ့် ဝတ္တရား ရှိတယ်မဟုတ်လား၊ စားတာ မစားတာက ယောကျာ်းအလုပ်"
ရီပေါ် သဘောပေါက်လိုက်သည်။
လှလှပပ ကလဲ့စားချေလိုက်တာဟု။ သူသည်လည်း အမျိုးသားအား ထိုစကားမျိုး ပြောခဲ့ဖူးလေသည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan