အမုန်းတရား၏နောက်တော်ပါး Ep-61
Zawgyi
အိမ်ရှေ့ကွက်လပ်တွင်ရှိသော သစ်ပင်အရိပ်အောက်၌ ကလေးတွေစုရုံးကာ အော်ဟစ်ကစားနေကြ၏။ ကလေးအယောက်ရေတစ်ဆယ်နီးပါးရဲ့အသံက ဝက်ဝက်ကွဲကာ တစ်ရပ်ကွက်လုံးကြားရလောက်သည်အထိ ဆူညံလှသည်။
"ရေး. . .ငါနိုင်ပြီကွ"
"မင်းက ကလိမ်ကကျစ်ကျတာကို နိုင်မှာပေါ့"
"ဘယ်မှာကလိမ်ကကျစ်ကျလို့လဲ မင်းတို့အားလုံးလည်း မြင်ကြတာပဲကို"
"တော်ပြီ ကလေးတွေ ရန်မဖြစ်နဲ့၊ ဧည့်ခန်းထဲမှာ တီဗွီလာကြည့်ကြ"
"ဟုတ်ကဲ့"
"ရီကျန့် ရီရှောင် ပါပါးပြောနေတယ်မလား ဆက်မကစားနဲ့တော့လို့"
တစ်ဖက်အဖွဲ့နဲ့တစ်ဖက်အဖွဲ့ ရန်ဖြစ်စကားများကြတော့မည်ကို ကြိုသိသောကြောင့် တားဆီးရ၏။ နေကပူ ကလေးတွေရဲ့အသံကဆူနဲ့ ပတ်ဝန်းကျင်ကလူတွေ ခဲလုံးနဲ့ပစ်မှာမြင်ယောင်မိသည်။ ကိုယ့်ကလေးနှစ်ယောက်ပါ,ပါနေသည်မလို့ တစ်ခြားကလေးတွေကို အော်ငေါက်မဆဲဆိုချင်။
"ခြေလက်ဆေးပြီး လာခဲ့ကြ"
ရေဆိပ်ဘက်ကို ခြေလက်ဆေးရန်လွှတ်လိုက်ပြီး ဧည့်ခန်းထဲဝင်၍ တီဗွီဖွင့်ကာ ကာတွန်းလိုင်းပြောင်းပေးရသည်။ ဆိုဖာဆက်တီခုံတွေမရှိသောကြောင့် ဖျာကြမ်းခင်းထားသည့်အပေါ်၌ တင်ပလ္လင်ချိတ်ထိုင်၍ တည်ခင်းထားသောမုန့်များကို နှိုက်ယူစားကြ၏။
"တိတ်တိတ်ကြည့်ကြနော် ရှောင်းရှောင်လေးအိပ်နေတယ်"
"ဟုတ်ကဲ့"
တစ်ညီတစ်ညာခေါင်းလေးတွေညိတ်၍ ခုံအမြင့်ပေါ်မှတင်ထားသော တီဗွီဘက်မျက်နှာမူကာ မော့ကြည့်နေကြပြန်သည်။ ကြိုးပုခက်ထဲ၌ အိပ်ပျော်နေသော ရှောင်းရှောင်လေးကို အသံပြုချော့မြူကာ ပုခက်ကိုလွှဲလိုက်ပြီး၊ ကလေးသုံးယောက်ရဲ့အဝတ်အစားတွေလျှော်ရန် ထည့်ထားသောခြင်းတောင်းကိုမ,၍ ရေဆိပ်ဘက်ထွက်လာခဲ့၏။
"ကျန့် အဲဒါဘာလုပ်မလို့လဲ"
နွားစာကျွေးရန်ရိတ်ထားသည့်မြက်တွေကို နုတ်နုတ်စဉ်းနေရာမှ ဓားကိုပစ်ချကာ သူရှိရာပြေးလာပြီး ရေဆွဲတင်သည့်ပုံးကိုဆွဲလု၍ ပြောနေသည့်မောင့်ကို မျက်စောင်းတစ်ချက်ထိုးရင်း ရေပုံးကိုဆွဲလုပြန်တော့ မလွတ်ပေး။
"မောင် ရေပုံမြန်မြန်ပေး၊ ရှောင်းရှောင်လေးမနိုးခင် ဒီအဝတ်တွေအပြီးသတ်လျှော်ရမှဖြစ်မှာ၊ သူနိုးရင် တော်တော်နဲ့လျှော်ပြီးမှာမဟုတ်ဘူး"
"မောင် ရေခပ်ပေးမယ်"
"တော်ပါမောင်ရယ်. . .မောင့်ရဲ့အလုပ်တွေသာ ပြီးအောင်သွားလုပ်စမ်းပါ၊ ဟိုအလုပ်မပြီး ဒီအလုပ်မပြီးနဲ့ဖြစ်နေမယ်"
"သိပ်မများတော့ပါဘူးကွာ၊ ကျန့်အခုလုပ်နေတာနဲ့ပဲ အချိန်ကကုန်နေပြီ၊ သွားလျှော်တော့"
"ပြီးတာပဲ"
တွင်းရေဖြစ်သောကြောင့် ကြိုးဖြင့်ဆွဲတင်ရ၏။ ရေကြောတည့်သည်မလို့ တွင်းနက်နက်မတူးရပဲ တစ်ဆယ့်နှစ်တောင်လောက်သာတူးရပြီး ရှစ်တောင်အထိရေတက်လေသည်။ ရေတွေမြေကြီးကမ်းပါးတွေကို မတိုက်စားစေရန် အုတ်ခွေတွေဖြင့်ပြုလုပ်ထား၏။
ရေတွင်းကိုအမိုး,မိုးထားသည်ကြောင့် မိုးရာသီချိန်ရောက်လျှင်ပင် ရေနှောက်ကျိနေမှာကိုပင် မစိုးရိမ်ရ။ အမိုးသာမမိုးထားလျှင် ရေတွေကနှောက်ကျိပြီး အမှိုက်စတွေလွှင့်စင်ထားတတ်သည်။
ပျဉ်တန်းပေါ်ဒလှည့်တပ်၍ ကြိုးတပ်ထားသည်ဖြစ်သောကြောင့် ရေဆွဲတင်ရာ၌ မခက်ခဲမပင်ပန်းဘဲ လွယ်ကူ၏။ ရေတွေတစ်ပုံးပြီးတစ်ပုံးဆွဲတင်ကာ ကန်အပြည့်ဖြည့်လိုက်သည်။ တောင်ယာသွားသောဒေါ်လေးနှင့် ဘုရားကျောင်းသွားသောဖွားအေတို့ ပြန်လာလျှင် ရေချိုးရအောင်ပါ ဖြည့်ထား၏။
ကန်အပြည့်ဖြည့်ပြီးသွားသည်နှင့် ကျန့်ကလည်း အဝတ်အစားတွေလျှော်ပြီးလေပြီ။ အဝတ်အစားတွေက ပုံးတစ်ပုံးအပြည့်ဖြစ်ကာ မ,ယူရန်ပြင်နေသည့်ကျန့်ကြောင့် သူအမြန်မ,ယူလိုက်သည်။
"ဒီအဝတ်တွေက ဘယ်မှာလှန်းမှာလဲ"
"ခဏအနားယူလိုက်ဦး၊ ကျန့်ကိုယ်တိုင်ပဲ လှန်းလိုက်မယ်"
"အဝတ်တွေအများကြီးလျှော်ထားရတာ ကျန့်ပင်ပန်းနေပြီ၊ ကြည့်ပါဦး ချွေးတွေတောင်စို့နေပြီ"
ပုံးကိုခါးတွင်ထောက်ပြီး လက်တစ်ဖက်နှင့်ထိန်းကိုင်ကာ သူ့မျက်နှာမှချွေးတွေကို တယုတယသုတ်ပေးနေတဲ့မောင်က၊ သူကိုယ်တိုင် ပင်ပန်းပြီးချွေးတွေထွက်နေတယ်ဆိုတာ မသိလေရောသလား. . .
"ဒီမှာ မောင့်ရဲ့လက်တွေပေါက်ပြဲကုန်ပြီ"
သူ့ကိုချွေးသုတ်ပေးနေတဲ့ မောင့်ရဲ့လက်တွေက ပေါက်ပြဲနေပြီးသွေးစလေးတွေပင် စို့နေလေပြီ။ သူအဝတ်လျှော်ပြီး မောပန်းနေတဲ့ရုပ်ကိုကြည့်ကာ စိုးရိမ်တကြီးဖြစ်နေတဲ့မောင်က ပေါက်ပြဲနေတဲ့လက်တွေကိုပင် ဂရုမစိုက်။
"ဆေးထည့်ရအောင် အိမ်ထဲမှာသွားနေ၊ ကျန့် ဒီအဝတ်တွေလှန်းပြီးရင် လာခဲ့မယ်"
"အဝတ်ပုံးကို မောင်သယ်ကူပေးပါ့မယ်"
"ဒီအဝတ်ပုံးလောက်နဲ့တော့ ကျန့်ဘာမှမဖြစ်သေးပါဘူး၊ ကလေးတွေရဲ့ခန္ဓာကိုယ်တောင် ချီပိုးနေသေးတာပဲ"
"အင်းပါ ဟုတ်ပါပြီ၊ ခမောက်ဆောင်းသွား နေပူပြင်းတယ်"
အဝတ်ပုံးကိုမောင့်ထံမှလက်လွှဲယူပြီးချိန် မောင်က သူ့ခေါင်းပေါ်ခမောက်ဆောင်းပေးပြီး အိမ်ထဲဝင်သွားသည်နှင့် သူလည်း အဝတ်တွေလှန်းရသည်။ ဝါးလုံးတွေဖြင့်ပြုလုပ်ထားသော အဝတ်တန်းတွေက ဒီရွာကိုရောက်တဲ့သုံးရက်မြှောက်နေ့တွင် မောင်ကိုယ်တိုင် ပြုလုပ်ထားခြင်းပင်။
အဝတ်လှန်းနေရင်း ကလေးတွေရဲ့အော်ဟစ်သံကြောင့် ရှောင်းရှောင်လေးလန့်နိုးသွားမှာပင် တွေးပူနေရသည်။ ကလေးဆယ်ယောက်နီးပါးရဲ့အသံက မိုးခြိမ်းသံအလား ကျယ်လောင်လွန်းလှသည်။
"ဒီကလေးတွေဟာလေ မအော်နဲ့လို့ပြောထားရဲ့သားနဲ့"
အဝတ်တွေကိုအမြန်လှန်းရင်း အဝတ်ပုံးကိုရေဆိပ်တွင်အမြန်ထားကာ အိမ်ထဲဝင်ရ၏။ မောင်က ပုခက်လွှဲရင်း ကလေးတွေနဲ့အပြိုင် ကာတွန်းကားကြည့်နေခြင်းကြောင့် မောင့်အသံပါ တစ်စွန်းတစ်စ ထွက်ပေါ်နေ၏။
ခရီးဆောင်အိတ်ထဲမှအသင့်ပါလာသော ဆေးဘူးတွေကိုအမြန်ယူကာ မောင့်ရဲ့လက်ဖဝါးတွေကို ဆေးထည့်ပေး၏။ ဒါကိုပင် ကိုယ်တော်ချောက တီဗွီကိုအကြည့်မပျက်။
"ချလပ်"
"ဂျိမ်း"
"အမလေးဗျ"
"အား!"
ဗြုန်းစားကြီး လျှပ်စီးလက်ကာမိုးခြိမ်းလိုက်သောကြောင့် သူ့အသံနဲ့ကလေးတွေရဲ့အသံက တစ်ချိန်တည်းကျယ်လောင်စွာ ထွက်ပေါ်သွားရသည်။ တီဗွီကိုအမြန်ပိတ်ကာ ပြတင်းပေါက်မှ ကောင်းကင်ကိုမော်ကြည့်လိုက်တော့ သူအဝတ်တွေလှန်းနေသည့်အချိန် ကြည်လင်နေတဲ့ကောင်းကင်က ယခုမှာတော့ ပြိုတော့မည့်မိုးလို အုံ့ဆိုင်းနေပြီး ကောင်းကင်တစ်ခွင် မည်းတက်လာလေသည်။
"မိုးကလည်းချက်ချင်းကြီး မှိုင်းတက်လာပါလား"
"ပါပါး တီဗွီကဘာလို့ပိတ်လိုက်တာလဲ"
"ဒီလောက်မိုးခြိမ်းနေတာ မပိတ်ပဲဘာလုပ်ရမှာလဲ၊ အဲဒီမိုးက မင်းအဖေ ဝမ်ရီပေါ်မဟုတ်ဘူး"
ရီကျန့်ကိုပြောနေရင်းမှ သူ့နာမည်ပါကြားလိုက်ရသည်ကြောင့် ရီပေါ်မျက်နှာက ဆတ်ခနဲ ရှောင်ကျန့်ဘက်လှည့်သွားရ၏။
မိုးခြိမ်းလျှပ်စီးလက်တာကတော့ ဟုတ်ပါပြီ၊ သူ့နာမည်ကြီး ထည့်ပြောစရာလိုလို့လား. . .
ဒီရွာကိုရောက်မှ ကျန့်က ဒေါသကြီးလွယ်သလို ကိုးအိမ်ကြားဆယ်အိမ်ကြားပါ အော်ဟစ်ဆဲဆိုတတ်လာပြီ. . .
"ကဲ. . .ကလေးတွေ မိုးခြိမ်းလျှပ်စီးလက်နေပြီ အိမ်ပြန်ကြတော့နော်၊ သားတို့ကို ဦးဦးဝမ်ရီပေါ်က အိမ်ပြန်လိုက်ပို့ပေးလိမ့်မယ်"
"ဟုတ်"
"မောင်"
"ဟင်"
"ကလေးတွေကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါဦး၊ တစ်ယောက်တစ်နေရာစီဆိုတော့ ကလေးတွေချည်းပဲလွှတ်လိုက်လို့မကောင်းဘူး၊ မကြာခင် မိုးလည်းရွာတော့မယ့်အရိပ်အယောင်တွေ့ရတယ်"
"အင်. . .အင်း"
"အိမ်အရောက်လိုက်ပို့ပေးလိုက်နော်"
"ဟုတ်ပါပြီကွာ"
အိပ်ခန်းထဲသို့အမြန်ဝင်၍ နံရံမှချိတ်ထားသော ကားသော့ကိုအမြန်ယူကာ ကားရပ်ထားရာဆီသွားတော့ ကလေးတွေကသူ့အနောက်မှ ထပ်ကြပ်မခွာလိုက်လာကြ၏။ ကောင်းကင်ကြီးက ပြိုတော့မယ့်မိုးလိုမည်းမှောင်နေသည်ကြောင့် ပတ်ဝန်းကျင်ပင် မှောင်လာရသည်။
ကားတံခါးဖွင့်ပြီး ကလေးတွေကိုနောက်ခန်းရောရှေ့ခန်းမှာပါ ထိုင်စေပြီး ကားစက်နိုးတော့ ကျန့်ကခြံတံခါးသွားဖွင့်၏။
"ကလေးတွေကို အိမ်အရောက်ထိပို့ပေးနော်"
"ဟုတ်ပါပြီကွာ ကိုယ့်အမျိုးသားလေးသဘောဖြစ်စေရမယ်"
ထပ်ခါတစ်လဲလဲ ထိုစကားသာမှာကြားနေသည်မလို့ ခေါင်းငြိမ့်ပြီးတဟုတ်,ဟုတ်နဲ့သာ လုပ်လိုက်ရသည်။ ကလေးတွေကလည်း ကားစီးရသည်မလို့ ပျော်ရွှင်ကာအော်ဟစ်နေကြသည်ကြောင့် ပြုံးမိရပြန်သေးသည်။
ဖြူစင်လိုက်တဲ့ ကလေးတွေ. . .
ခြံဝန်းထဲမှကားလေးထွက်သွားသည်နှင့် အမြွှာနှစ်ယောက်ကို အိမ်ထဲအမြန်ဝင်ခိုင်းကာ ခဏကလှန်းထားသည့်အဝတ်တွေကို ပြန်ရုတ်ရပြန်သည်။ များပြားလှတဲ့အဝတ်စားတွေကြောင့် လှန်းရရုတ်ရလုပ်နေရသည်မှာ မသက်သာလှ။ ဖွားအေတို့ရဲ့အဝတ်တွေပါ အမြန်ရုတ်ပြီး၊ နေပူလှန်းထားသည့် အသားခြောက်၊ အရွက်ခြောက်တွေကိုပါ တစ်ခါတည်းရုတ်လိုက်၏။
မိုးရွာလျှင်စိုတိစိုပတ်ဖြစ်ပြီး မီးဖိုခန်းနှင့်ရေတွင်း နည်းနည်းအလှမ်းဝေးသည်ကြောင့် မီးဖိုးခန်းသုံးရေ၊ သောက်ရေများကို ဖြည့်ခပ်ကာ၊ ရေဇလောက်မှခံထားသည့် စဥ့်အိုးကိုသေချာဆေးကြောပြီး မိုးရေခံထားလိုက်သည်။
အလုပ်တွေအားလုံးလုပ်ပြီးတော့ မိုးကအနောက်ဘက်မှ ဝေါခနဲလာပြီး သည်းချလိုက်ခြင်းကြောင့် သွပ်မိုးပေါ်ကျနေသည့်မိုးရေစက်တွေက ကျယ်လောင်လွန်းလှသည်။
အိပ်ခန်းထဲအမြန်ဝင်ပြီး အင်္ကျီအနွေးထည်လေးတွေနှင့် စောင်ပါးလေးတစ်ထည်ယူကာ ဧည့်ခန်းထဲထွက်လာခဲ့တော့ အမြွှာနှစ်ယောက်က ပေကျင်အိမ်မှယူဆောင်လာခဲ့သော Legoအပိုင်းအစလေးများကို ဆက်နေ၏။ ရှောင်းရှောင်လေးကို စောင်ပါးလေးခြုံပေး၍ ပုခက်ကိုလွှဲပြီး အမြွှာနှစ်ယောက်ဘေး ဝင်ထိုင်လိုက်သည်။
"အနွေးထည်ဝတ်မယ် အဲဒီအရုပ်တွေချထား"
"ဒီ. . .ဒီတစ်ခုလေးပြီးအောင်ဆက်ဦးမယ်"
"ရီကျန့် ရီရှောင် ပါပါးခေါ်နေတယ်လေ အနွေးထည်ဝတ်မယ်လို့"
"ဟုတ်"
အထွန့်မတက်တော့ဘဲ နှုတ်ခမ်းလေးတွေစူကာ တင်ပါးလေးတွေရွှေ့ပြီး တိုးထိုင်လာကြသည့်အမြွှာနှစ်ယောက်ကို ခြေထောက်နှစ်ချောင်းမှဆွဲပြီး သူ့အနားရောက်အောင်ဆွဲကာ အနွေးထည်တွေဝတ်စေသည်။ မိုးရွာပြီးလျှင် အချမ်းကဲတတ်သည့် ရာသီဥတုကြောင့် ပို၍အထူးဂရုစိုက်ရ၏။
"မောင် မိုးရေတွေရွှဲလို့ပါလား"
အိမ်အပေါက်ဝ၌မတ်တပ်ရပ်နေသော မောင်က တစ်ကိုယ်လုံးစိုရွှဲနေသောကြောင့် ပါးလှပ်သည့်အဝတ်အစားတွေမှာလည်း ခန္ဓာကိုယ်တွင် ကပ်နေလေပြီ။ ဘယ်အချိန်က ပြန်ရောက်သလဲပင်မသိလိုက်။ ခြံဝန်းထဲ ကား,ဝင်လာသည်ကိုပင် မကြားလိုက်မိ။
"လာ. . .လာ အိမ်ထဲအမြန်ဝင်"
အိပ်ခန်းထဲဆွဲခေါ်လာပြီး အဝတ်စားတွေအမြန်ချွတ်ကာ သဘက်နဲ့သုတ်ပေး၍ အဝတ်စားလဲပေးရင်း အနွေးထည်တွေပါဝတ်စေကာ ဆံပင်တွေပါသုတ်ပေးလိုက်သည်။
"ကြည့်ပါဦး နှုတ်ခမ်းတွေတောင်ပြာနှမ်းနေပြီ"
"ပြွတ်"
အရှေ့မှစိုးရိမ်တကြီးပြောနေသည့် နှုတ်ခမ်းချွန်ချွန်လေးကို အသည်းယားလာသည်ကြောင့် ဖျတ်ခနဲ နမ်းရှိုက်လိုက်တော့ အပိုဆောင်းအနေဖြင့် မျက်စောင်းတစ်ချက်ရလိုက်၏။
"မောင် ဘယ်လိုဖြစ်နေတာလဲ"
"နှုတ်ခမ်းတွေပြာနှမ်းနေတယ်ဆိုလို့ ပင်ကိုယ်အတိုင်းပြန်ဖြစ်အောင် နမ်းတာလေ၊ ဘာလဲ မကျေနပ်ဘူးလား"
"ဆေးသောက်ပြီးစောင်ပုံထဲကွေးနေမှ ပြန်ကောင်းမှာပေါ့၊ နှုတ်ခမ်းကိုနမ်းတာနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်ဆိုင်မဆိုင်ဆိုင် မောင်နဲ့ဆိုင်တယ်"
မျက်စောင်းထိုးနေပြန်သည့်ကျန့်ကို ခါးလေးမှဆွဲကိုင်ပြီး သူ့အနားတိုးကပ်စေပြီး နှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်၏။ ကကြီးပုံစံဖြစ်နေသည့် အပေါ်နှုတ်ခမ်းရဲရဲလေးကို စုပ်ယူပြီးလျှာဖျားလေးဖြင့် အပေါ်နှုတ်ခမ်းသားလေးကို ပွတ်တိုက်လျက်ကာစုပ်ယူလိုက်ပြီး၊ အောက်နှုတ်ခမ်းသားလေးကိုပါ တဖန်ငုံခဲရင်း ကျန့်ရဲ့လျှာဖျားလေးကို သူ့ရဲ့လျှာဖျားဖြင့် မထိတထိစလိုက်တော့ ကျန့်ရဲ့လျှာဖျားလေးကလည်း လာရောက်ထိကစားလေသည်။
လျှာနှစ်ခုကို လှက်တွယ်စေပြီး နှုတ်ခမ်းတွေကိုစုပ်ယူနမ်းရှိုက်လိုက်တော့ ကျန့်နှုတ်ခမ်းထောင့်မှ ငွေမျှင်ရောင်အရည်တွေက ကြမ်းပြင်ထက် တတောက်တောက်စီးကျကုန်၏။ ကျန့်ရဲ့လက်တွေက သူ့လည်ပင်းကိုသိုင်းဖက်လာပြီး ပေါင်ပေါ်ရွှေ့ပြောင်းထိုင်လာသည်ကြောင့် ကျန့်ကိုယ်တိုင်လည်း စိတ်ပါလာပြီမှန်းသိလိုက်သည်။
သူ့ရဲ့လက်တွေကို နူးညံ့တဲ့ကျောပြင်ငယ်လေးအား သွားရောက်ပွတ်သပ်စေပြီး တဖြည်းဖြည်းအောက်ဆင်းစေကာ ဘောင်းဘီထဲလက်လျှိုရင်း လုံးဝန်းနေသည့်တင်ပါးဆိုင်တွေအား ဖျစ်ညှစ်ပစ်သည်မို့ နမ်းရှိုက်နေရင်းကျန့်ထံမှ ညည်းသံအနည်းငယ်က ထွက်ပေါ်လာလေသည်။
"အာ့. . .ဟာ့"
"အင်းဟင်း. . .အာ့. . .အာ့ဟင်း"
ကျန်လက်တစ်ဖက်ကို ဘောင်းဘီအရှေ့ဘက်လက်လျှိုဝင်စေပြီး ကျန့်ရဲ့ညီတော်မောင်ကို မထိတထိစရင်း မွှေးညှင်းနုလေးများကိုပါ လက်ချောင်းလေးတွေဖြင့် ပွတ်ဆွဲရင်း ဝမ်းဗိုက်လေးမှခွဲကြောင်းအရာလေးကိုပါ ခပ်ဖွဖွတို့ထိရင်း ကျန့်ရဲ့နို့အုံတွေကို လက်ဖဝါးဖြင့်ဖိညှစ်ရင်း အသီးလေးကို လက်ချောင်းလေးဖြင့် ခပ်ဆဆထိပွတ်နေမိ၏။
လက်နှစ်ဖက်စလုံးကို မရပ်နားဘဲထိကစားနေရင်း သူ့ရဲ့ညီတော်မောင်နှင့် ကျန့်ရဲ့ညီတော်မော်ကိုလည်း ဘောင်းဘီတွေကြားခံကာ ပွတ်တိုက်နေမိသည်။ ကျန့်ရဲ့တင်ပါးဆိုင်တွေကိုဖျစ်ညှစ်နေသည့် သူ့လက်ချောင်းတွေကို နယ်ကျူးကျော်ရန်ပြင်လိုက်၏။
"ပါပါး!. . .ရှောင်းရှောင်လေး နိုးနေပြီ!!!"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan