အမုန်းတရား၏နောက်တော်ပါး Ep-33
Zawgyi
ပါပါးကို သားလေးက အထီးကျန်စွာ မထားရစ်ခဲ့တော့ဘူး။ ပြီးတော့ ပါပါး မဆုံးရှုံးတော့ဘူး။ ဟုတ်တယ် ဒီကလေးလေးအတွက် ပါပါး အသက်ဆက်ရှင်ရဦးမယ်။ ကြိုးစားရဦးမယ်။ မိခင်မေတ္တာတွေ ပေးရဦးမယ်။
ရှောင်ကျန့်သည် ဗိုက်ကလေးပူပူပေါ်တွင် လက်နှစ်ဖက်ယှက်တင်လျက် မျက်ဝန်းနှစ်ဖက်ကို ပိတ်ထားကာ၊ နှုတ်ခမ်းများက ကျေနပ်စိတ်ဖြင့် ကော့ရွှန်းပြုံးလျက်ရှိသော်လည်း၊ မျက်ဝန်းထောင့်မှ မျက်ရည်တွေက စီးကျလို့ လာခဲ့သည်။
ဘယ်လိုပဲ ဒုတိယသားသမီးပေါ်လာပါစေ လူ့လောကထဲသို့ မရောက်ခဲ့သည့် သားသမီးကို လူတိုင်း ကိုယ့်လိုပဲလွမ်းဆွတ်တမ်းတကြမည်လား။
ခုချိန်ဆို လူ့လောကထဲသို့မရောက်ခဲ့သည့်သားလေး ဘယ်မိခင်ရင်ခွင်ဆီ ရောက်ရှိနေလိမ့်မည်နည်း။ သူ့ဗိုက်ထဲကကလေးလေးကရော တစ်ချိန်က သားလေးမဖြစ်နိုင်လောက်ဖူးလား။
ဟက်...ဗိုက်ထဲက ကလေးလေးအပေါ် ပါပါး အတ္တကြီးနေမိပြန်ပြီ။
တောင်းပန်ပါတယ် ကလေးလေးရယ်၊ ပါပါး နောက်ဆို ဒီလိုအတွေးတွေ မတွေးမိနိုင်အောင် နေပါ့မယ်။
စိတ်နှင့်ခန္ဓာ ဒွန်တွဲမရှိဘဲ အတွေးထဲနစ်မျောနေတုန်း သူ၏ခါးလေးကို ခပ်ဖွဖွလာဖက်ပြီး လည်ကုတ်ပေါ်သို့ကျရောက်လာသည့် အနမ်းနွေးနွေးနှင့် ထွက်သက်ဝင်သက် ခပ်နွေးနွေးတို့က လည်ကုတ်ဖြူဖြူလေးပေါ် ကလူကျီစယ်နေပြန်၏။
မောင်က စကားတစ်ခွန်းမျှမဟဘဲ နောက်မှသိုင်းဖက်ရင် သူငေးမောကြည့်နေသည့် နေရာလေးသို့ ကြည့်နေပြန်လေသည်။
နေဝင်ဆည်းဆာ ပုဇွန်ဆီရောင်ဖြာလဲ့နေသည့် ကောင်းကင်ကြီးနှင့် ဖြူလွှလွှတိမ်တိုက်တွေအောက် ပျံသန်းနေကြသည့် ငှက်ကလေးများနှင့် လှမ်းမြင်နေရသည့် အထပ်ထပ်မြင့်မားနေသော တိုက်ကြီးများ၊ တရွေ့ရွေ့ ရွေ့လျားမောင်းနှင်နေကြသည့် ကားလေးများက တန်ဖိုးကြီးပန်းချီကားများထက်သို့ပင် ပြီးပြည့်စုံသော အလှတရားတို့က ပို၍လှပနေ၏။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan