အမုန်းတရား၏နောက်တော်ပါး Ep-22
Zawgyi
"ဒီမှာ. . .ဒီမှာ"
စေ့ထားသည့် ဘာဂျာတံခါးကို ဆွဲခါလိုက်တော့ ဆိုဖာပေါ မှာ ခန့်ခန့်ကြီးလှဲနေသည့် ပုဂ္ဂိုလ်က နဖူးပေါ်တင်ထားသည့်လက်ကို ဖယ်၍ ခေါင်းထောင်ကြည့်၏။
ပြီးတော့ ဘာလဲဟု မေးဆတ်ပြသည်။
တစ်လမ်းလုံး ဆို့ကျပ်နာကျင်လာခဲ့ရသည့် နှလုံးသားမှတစ်ဆင့် ဒေါသက နှုတ်ခမ်းဖျားသို့တက်လာကာ ခပ်ကြိတ်ကြိတ် တက်ခေါက်လိုက်မိလျှက်. . .
"တံခါးလာဖွင့်ပေးစမ်းပါ၊ မင်းက ဘယ်သူလဲ၊ အန်တီတို့မရှိဘဲ ဘာဝင်လုပ်နေတာလဲ"
"အိုး. . ."
ထိုပုဂ္ဂိုလ်မျက်ခုံးနှစ်ဖက် မြင့်တက်သွား၏။
ထို့နောက် လှဲနေရာမှ ထထိုင်လိုက်ပြီး တံခါးဆီလျှောက်လာတော့ ခြေထောက်တစ်ဖက်က ခပ်ဆဆနှင့် မျက်နှာမဲ့ခနဲတစ်ချက် ဖြစ်၏။
အနားရောက်တော့ တံခါးကို ချက်ချင်းမဖွင့်ဘဲ လူကို ခြေဆုံးခေါင်းဆုံး ကြည့်သေးသည်။
ကြည့်ပုံက ခပ်ရိုင်းရိုင်းမို့ ရှောင်ကျန့်မျက်ဝန်းလေးတွေ မီးထတောက်တော့မတတ် စူးစူးလက်လက် ဖြစ်ကုန်၏။
ထိုစဉ်. . .
"တော်တော် လှတယ်" ဟူသော ဝါကျတစ်ခုကို ဘိုလိုပြောလိုက်သလား ပီပီသသကြီးကြားလိုက်ရ၏။
"တောက်!"
ရှောင်ကျန့် ဒေါသထိန်းမရတော့ဘဲ တက်ခေါက်ပစ်လိုက်၏။
"မင်း ဘယ်သူ့ကို တွေ့ချင်လို့လဲ"
ဟု တံခါးမဖွင့်ဘဲ တရုတ်စကားမဟုတ်သော ဝါကျတစ်ကြောင်း ထွက်ပေါ်လာပြန်၏။
"ငါ ဘယ်သူပဲဖြစ်ဖြစ် မင်းမေးဖို့မလိုပါဘူး၊ ဟွန်း...ဧည့်သည်က အိမ်ရှင်ကို ပြန်မေးနေသေးတယ်၊ တံခါးဖွင့်မှာသာ ဖွင့်"
ထိုပုဂ္ဂိုလ်က ပြုံးစိစိမျက်နှာဖြစ်သွားပြီး တံခါးဖွင့်ပေးသည်။
အိမ်ထဲမှာ ဘယ်သူမှ မရှိကြဘူးလားဆိုသော အတွေးနှင့်၊ ရှောင်ကျန့် အထဲကို လှမ်းကြည့်ရင်းဝင်လိုက်စဉ် ဘယ်လိုမှ မထင်မှတ်ခဲ့သော အဖြစ်အပျက်တစ်ခုက ရုတ်ချည်းဖြစ်ပေါ်လာ၏။
![](https://img.wattpad.com/cover/245360710-288-k328873.jpg)
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan