အမုန်းတရား၏နောက်တော်ပါး Ep-29
Zawgyi
ထိုနေ့ညမှာတော့ မမျှော်လင့်စရာကောင်းလောက်အောင် မုန်တိုင်းတစ်ခု မောင်နှင့်သူ့ကြား ပြင်းထန်စွာမွှေနှောက်သွား၏။
ပြဿနာရဲ့အစကတော့ သူဖွက်ထားသည့် ဆေးကဒ်ကို မောင်တွေ့သွားခြင်းပင်။
အစက သူမသိ။
ရေမိုးချိုးပြီး ပြန်ထွက်လာချိန်မှာ မောင့်မျက်နှာတစ်ခုလုံး ညိုမှောင်အုံ့ဆိုင်းကာ မေးကြောတွေ ထောင်နေသည်အထိ အံတကြိတ်ကြိတ် ဖြစ်လျက်ရှိနေ၏။
"မောင်"
ရုတ်တရက်မို့ သူ့ရဲ့ခေါ်သံက တိုးလျလို့လားမသိ မကြား။
တီဗွီဖန်သားပြင်ကို စိုက်ကြည့်နေသည့် မောင့်မျက်နှာမှာ အစိုင်အခဲများက တလှုပ်လှုပ်ဖြင့် နီရဲတုန်ယင်နေသည်။
"မောင်"
"ဟင်"
ဆတ်ခနဲ သူ့ကိုလှည့်ကြည့်လာသည့် မောင့်မျက်ဝန်းများက ကြေကွဲထိခိုက်မှုများမှာ ကြောက်မက်ဖွယ်ရာ။
"မောင်...ဘာဖြစ်လို့လဲ"
ရှောင်ကျန့် ရီပေါ့်ပခုံးပေါ် လက်ကလေးတင်အံဆဲဆဲ ရီပေါ်က ရှောင်ကျန့်၏လက်ကို ခပ်ပြင်းပြင်းပုတ်ချကာ. . .
"ဒါ...ဘာလဲ ကျန့်"
"ဟင်"
"ဒါ...ဘာသဘောလဲ ရှောင်ကျန့်"
". . . . ."
မောင့်လက်ထဲ တင်းတင်းကျပ်ကျပ် လုံးချေဆုပ်ကိုင်ထားသော သူ့ရဲ့ ပဋိသန္ဓေတားဆေးကဒ်ပြား. . .
ရှောင်ကျန့် ဗြုန်းဆို တုန်လှုပ်ချောက်ချားသွားကာ ခြေတစ်လှမ်းပင် နောက်ဆုတ်လိုက်မိသည်။
"ဒါ. . .ဘာသဘောလဲ ကျန့်"
"ဟင်"
ရီပေါ့်အသံက တုန်ခါစွာ ဆို့နင့်ကြေကွဲလျက်။
"မေးနေတယ်လေ ကျန့်၊ ပြောစမ်း"
"ဒါ. . .ဒါ"
"ပြော!"
"ကျွန်တော် ကလေးမလိုချင်သေးဘူး"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan