Part-41

12.7K 842 32
                                    

အမုန်းတရား၏နောက်တော်ပါး Ep-41

Zawgyi


  ရင်ခွင်ထဲရှိ အိပ်ပျော်နေသော ကျန့်ကို စေ့စိုက်ကြည့်နေမိသည်။ ညကပင်ပန်းသွား၍ထင် ခုချိန်ထိပင် မနိုးသေး။

  မျက်တောင်ခပ်စိပ်စိပ်ကော့ကော့လေးတွေနှင့် မျက်ခွံလေးတွေ လှုပ်ရှားလာသည်ကို ကြည့်၍ နဖူးလေးကို ဖွဖွနမ်းရှိုက်ပြီး ပြန်ငုံ့ကြည့်မိတော့၊ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ကြောင်ပေါက်လေးပမာ ဆံပင်သားနုနုလေးတွေက အဝတ်မကပ်သည့် သူ့ရင်ဘတ်ကို ကလူကျီစယ်နေပြန်၏။

  အတင်းတိုးဝင်နေသည့် ကိုယ်လုံးသေးသေးလေးကို အတင်းဖျစ်ညစ်ပြီး ကျန့်ခါးအောက်လက်တစ်ဖက်လျှိုဝင်ကာ ခါးသိမ်သိမ်ကျဉ်းကျဉ်းလေးကို တင်းကျပ်စွာ ဖက်ထားလိုက်တော့၊ ကျန့်ရဲ့နှုတ်ဖျားမှ အင့်ဆိုသည့် အသံတိုးတိုးလေးက ပေါ်ထွက်လာပြန်သည်။

  ဒီလူသားလေးကို ချစ်ရလွန်းလို့ ရင်ဘတ်ကြီးပင် ပေါက်ထွက်လုမတတ်။

  "ကျန့် ထတော့လေ"

  "နိုးသေးဘူး"

  "ဟက်"

  နိုးနေပါလျက် မနိုးသေးဘူးဟု အက်ကွဲနေသည့် အသံတိုးတိုးလေးက ထွက်ပေါ်လာ၍ သဘောကျကာ အသံထွက်ရယ်လိုက်မိသည်။

  ဟိုတစ်ချိန်က မာနထိပ်ခေါင်ကြီးနေသည့် ဒီလူသားလေးက ခုတော့ အရမ်းချွဲသည့် လူသားတစ်ဦး၊ သူ မြတ်နိုးယုယစွာ ချစ်ရသည့် လူသားလေးတစ်ဦး ဖြစ်လို့နေပေသည်။

  "မောင် ဘယ်နှနာရီထိုးပြီလဲဟင်"

  ရီပေါ် ခုတင်နံဘေးမှ စားပွဲခုံလေးပေါ်ရှိနေသည့် နာရီလေးကို ကြည့်လိုက်တော့ နာရီလက်တံအတိုလေးက 8ဆိုသည့်အက္ခရာလေးသို့ ညွှန်ပြနေ၏။

  "ရှစ်နာရီထိုးပြီ"

  "ဘာ!...အ့"

  သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ ထထိုင်လိုက်သော ကျန့်မှာ သူညက ကြမ်းထားသည့်အချိန်ဖြင့် သူ့ရင်ခွင်ထဲသို့ တရှိန်ထိုးပြုတ်ကျလာ၏။

  "ဖြေးဖြေးထပါ ကျန့်ရယ်၊ ညက အရှိန်မပြယ်သေးဘူး မဟုတ်လား"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now