Part-3

21.4K 1.6K 19
                                    

အမုန်းတရား၏နောက်တော်ပါး Ep-3

Zawgyi




"မင်း နောက်ကျသွားတယ်"

ကျူးလီရန် ဝင်လာလာခြင်း ရှောင်ကျန့်က လှမ်းပြောလိုက်သည်။ လုကျင်းဝေနှင့် ရှင်းယီက.....

"ဟုတ်ပ၊ မင်းသားမျက်နှာ ငိုရမလို၊ ရယ်ရမလို မအီမလည်ဖြစ်သွားတဲ့ မျက်နှာကို ရှင်မြင်ရရင် ခွက်ထိုးခွက်လှန် ရီမိမှာ၊ ကျုပ်တို့တော့ ရယ်လိုက်ရသေးတယ်"

ကျူးလီရန်က လွတ်နေသော ကုလားထိုင်တွင် ဝင်ထိုင်လိုက်ရင်း ရှောင်ကျန့်၏မျက်နှာဖူးဖူးလေးကို ကြည့်လိုက်သည်။

"ရှောင်ကျန့်ရယ် ရှင့်လုပ်ပုံက မဟုတ်သေးပါဘူး"

ရှောင်ကျန့်က သောက်ရန် ပါးစပ်နားကပ်လိုက်သော ကော်ဖီခွက်ကို အသာပြန်ချရင်း.....

"ဘယ်လို မဟုတ်တာလဲ ဒေါ်လီရန်"

"ရှင် ကိုယ်ဝန်ငါးလကျော်လာတဲ့အထိ ယောကျာ်းကိုအသိမပေးတာဟာ ရှင် မလွန်လွန်းဘူးလား"

"ဘုရားရေ ငါကပဲ လွန်ရတယ် ရှိသေးတယ်"

ရှောင်ကျန့်က ကျူးလီရန်ကို မကျေမနပ်ကြည့်လိုက်သည်။ လုကျင်းဝေက.....

"ဖြေးဖြေးပြောကြဟာ စားဦး"

"ယောကျာ်းတစ်ယောက်ရဲ့ ဥပေက္ခာပြုခြင်းကို ခံနေရတဲ့သူတစ်ယောက်ရဲ့ ခံစားမှုကို မင်း နားမလည်နိုင်သေးပါဘူး ဒေါ်လီရန်ရယ်"

"ဥပေက္ခာပြုမှုကို ဘယ်သူတွေက စတင်ဖန်တီးခဲ့တာလဲ၊ တစ်ယောက်တည်း ဖန်တီးလို့ ရသလား၊ သူက ပြုဖို့ကြိုးစားတယ် ရှင်က လက်မခံဘူးဆိုရင် ဥပေက္ခာဆိုတာ ဖြစ်မလာနိုင်ပါဘူး"

"မင်း ဘယ်လိုဖြစ်နေတာလဲ ဒေါ်လီရန်၊ အရင်တုန်းက မင်းပဲ ချင်းစိမ်းနဲ့မိတ်သလင် သူကြင်မှ ကိုယ်ကြင်ဆို"

ရှောင်ကျန့် ကျူးလီရန်ကို နားမလည်နိုင်တော့ချေ။

ကျူးလီရန်သည် လှသည်။ စွဲမက်ဖွယ်ကောင်းသော ပါးချိုင့်ကလေးများနှင့် ညှို့အားအပြည့်ရှိသော မိန်းမချော ဖြစ်၏။ ပညာတတ်၊ ရုပ်ချော၊ ဥစ္စာပေါသော ဆရာဝန်မလေးကျူးလီရန်အပေါ် လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေသည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Tahanan ng mga kuwento. Tumuklas ngayon