Part-30⚠

28.2K 1.2K 42
                                    

အမုန်းတရား၏နောက်တော်ပါး Ep-30 🚫

Zawgyi

လေဆိပ်ရောက်သည်နှင့် korea Itinerary Passportဖြတ်ကာ၊ လက်ဆွဲအိတ်နှစ်လုံးကို Check Inလုပ်ရန် စီစဉ်ရပြန်၏။

ရှောင်ကျန့်က ခရီးသည်များထိုင်ရန် ခုံတန်းလေးတွင်ထိုင်ကာ၊ အပေါ်၌REPUBLIC OF KOREAလို့ ရေးထိုးထားပြီး၊ အောက်ဖက်တွင် PASSPORTလို့ ရေးထိုးထားသော passportစိမ်းပုတ်ရောင်လေးကို ကြည့်ကာ ခပ်ရေးရေးလေး ပြုံးနေ၏။

ခဏအကြာ လေယာဉ်ထွက်ခွာရန် အသိပေးသံကြားလိုက်ရသဖြင့် လေယာဉ်ပေါ်တက်ကာ ကိုယ့်နေရာကိုယ်အသီးသီးထိုင်ကြကာ ရီပေါ်က ခါးပတ်,ပတ်နေသည်။

"ခါးပတ်,ပတ်ထား ကျန့်၊ စကားမများနဲ့တော့"

"မောင် ပတ်ပေး"

ရီပေါ်က ခါးပတ်,ပတ်ပေးပြီး မျက်လုံးတွေကို စုံမှိတ်ကာ ငြိမ်ငြိမ်လေး မှိန်းနေသည်။

ရှောင်ကျန့်က လေယာဉ်ပေါ်မှ လှမ်းကြည့်လျှင် ခပ်ပျပျမြင်ရသည့်၊ ရှုခင်းတွေ၊ မြင်ကွင်းတွေကို စိတ်ဝင်တစားဖြင့် ကြည့်ကာလိုက်ပါလာခဲ့သည်။

Beijingမှ Langfangသို့ လေယာဉ်အမြင့်ပေ တစ်သောင်းကိုးထောင်မြင့်မားစွာ ပျံသန်းချိန်တွင်၊ တိမ်တိုက်တွေကို ဖောက်ခွဲထွက်ရသည့်အတွက် ဖွားခနဲ၊ ဖွားခနဲ ဝေးလွင့်ကွဲထွက်သွားလေသည်။

တိမ်လွှာလေးတွေကိုကြည့်ပြီး ရှောင်ကျန့် ရှုမဝမဆုံးဖြစ်နေရသည်။

"ကျန့်"

"ဟင်"

ရှောင်ကျန့် လေယာဉ်ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်နေခိုက်၊ ရီပေါ်နိုးလာဟန် ထို့နောက် ရီပေါ်က ကုပ်သားနေရာကို လက်ဖြင့်တစ်ချက်ပွတ်၍ ရယ်ကာ.....

"အဟင်း၊ မောင် ခဏအိပ်ပျော်သွားတယ်"

ရှောင်ကျန့်က ရီပေါ့်ကို မျက်စောင်းတစ်ချက်ထိုးကာ အပြင်ကိုပြန်ငေးနေမိတော့.....

"ဟေး...ဘာတွေကြည့်နေတာလဲ၊ ဘာမှလဲ ကြည့်စရာမရှိဘဲနဲ့"

"ရှိတာပေါ့"

"ကဲ...ဘယ်မှာလဲ ပြ"

"တိမ်တွေပေါ့၊ မောင့်မျက်လုံးကြီးက မတွေ့ဘူးလား"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now