အမုန်းတရား၏နောက်တော်ပါး Ep-36
Zawgyi
"ရီကျန့်...ရီရှောင်"
"ဗျာ...ဒက်ဒီ"
"သားတို့ပါပါးကို ပြောပေးပါလား၊ ဒက်ဒီက ပါပါးကို ချစ်တယ်လို့၊ စိတ်မဆိုးနဲ့တော့လို့ ပြောလိုက်နော်"
"ဟုတ်"
"သားတို့ကိုကြည့်ရတာ ကြောက်နေသလိုပဲ"
"ပါပါးက စိတ်ဆိုးနေတဲ့အချိန် ပါပါးမကြိုက်တာလုပ်မိရင် သားသားတို့ကို ရိုက်တယ်၊ ဒက်ဒီပြောခိုင်းတဲ့စကားကို ပါပါး ကြိုက်ပါ့မလားဟင်"
"မရိုက်စေရဘူး၊ ရိုက်ရင် ဒက်ဒီဆီပြေးခဲ့၊ ကြားလား"
"ဟုတ်"
သားလေးနှစ်ယောက်က ခုဆိုလျှင် ငါးနှစ်ကျော်ပြီး လူကြီးတစ်ယောက်လို စကားကောင်းကောင်း ပြောတတ်ပြီး၊ နားလည်ကြလေပြီ။ ဖခင်နှစ်ယောက်လုံးက တည်ငြိမ်သူတွေမို့ သားနှစ်ယောက်ကလည်း ထိုနည်းတူစွာ တည်ငြိမ်သူတွေ ဖြစ်ကြလေသည်။
ညက ဆေးရုံမှလုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းအသင်းတွေ ကောင်းမှုကြောင့် အိမ်ပြန်မအိပ်ဖြစ်ခဲ့။ အိမ်မပြန်ရဲတာဆို ပိုမှန်ပါလိမ့်မည်။ ညက ခေါင်းပင်မဖော်နိုင်မူးရူးခဲ့သည်ကြောင့် အိမ်ပြန်အိပ်လျှင် ခုတင်မပြောနှင့် အိပ်ခန်းထဲပင် ဝင်လို့မရနိုင်။
သူအိမ်ပြန်မအိပ်ခဲ့သည်က ပို၍ ပြဿနာကြီးနိုင်မှန်း သိခဲ့လျှင် အိမ်ပြန်အိပ်မိလေမှာ အမှန်။ ညက သူအိမ်ပြန်မအိပ်ဖြစ်ဖူးဆိုတာ ဖုန်းပင်မဆက်ခဲ့မိ။
ကျန့်က သူအိမ်ပြန်မအိပ်ရခြင်း၊ ဖုန်းကြိုမဆက်ခြင်းတို့ကြောင့် စိုးရိမ်ပူပန်ပြီး ညလုံးပေါက်ငိုပြီး မအိပ်ဖြစ်ခဲ့ခြင်းတို့ကို၊ သူအိမ်ပြန်ရောက်မှ ဒေါ်ကုဆီမှ ကြားသိရခြင်း။
ကျန့်စိတ်မကောင်းများဖြစ်နေတော့မလားဆိုပြီး အိပ်ခန်းထဲပြေးဝင်ခဲ့တော့ တံခါးနံဘေးငုတ်တုတ်ထိုင်အိပ်နေလေသည်။ ဇက်ကြောတွေနာမည်စိုး၍ ပွေ့ချီကာ ခုတင်ပေါ်တင်ပေးတော့ ဖျတ်ခနဲ မျက်လုံးပွင့်လာ၏။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan