အမုန်းတရား၏နောက်တော်ပါး Ep-28
Zawgyi
တစ်ညလုံး သားဖြစ်သူ အခန်းထဲက ထွက်သွားလိုက်၊ ပြန်ဝင်လိုက်၊ ဧည့်ခန်းမှာထွက်ထိုင်နေလိုက်နှင့် တစ်ချောက်ချောက်လှုပ်ရှားနေတာကို ဒေါ်ရီရှုဟန် သိသည်။
သားဖြစ်သူ ဘယ်လိုရင်ဆိုင်နေရသည်ကိုလည်း တွေးမိ၏။
မနက်မိုးထိန်ထိန်လင်းလို့ ထွက်မလာတော့ ခပ်ဟဟပွင့်နေသည့် အခန်းတံခါးကို အသာလေး သွားတွန်းလိုက်မိသည်။
အထဲမှာ ရှောင်ကျန့်သည် မွေ့ရာ၌ တစ်ဖက်စွန်းတွင် ခွေခွေလေးအိပ်ပျော်နေကာ. . .
ရီပေါ်က ဖွဖွသာသာလေးဖက်ထားပုံမျိုးနှင့် နှစ်ယောက်သား အိပ်မောကျနေကြ၏။ မိုးလင်းမှ အိပ်ပျော်ကြရှာသည်ထင်၏။
မင်္ဂလာပွဲတစ်ပတ်ပြည့်သည်နှင့် သားကျန့်က သားဝမ်ကို စိတ်ဆိုးကာ အိမ်သို့ရောက်ချလာ၏။ သူ့အမျိုးသားရောက်ချလာသည်မို့ သားဝမ်က လိုက်လာခြင်း ဖြစ်သည်။
"သားတို့ အဆင်မပြေဘူးထင်တယ်၊ ညက ကို့သားဘာဖြစ်နေလဲ ကိုသိလား"
"သိသားပဲ မင်းကော ဘာဖြစ်နေလဲ"
"သားကို သနားလို့ပါ ကို"
"ဘာမှမသနားနဲ့ သူ့ဒုက္ခနဲ့သူ၊ ဒီလိုဖြစ်မယ်မှန်းသိသားနဲ့ သူ ဇွတ်လုပ်တာ"
"ဒါ...ဘယ်သူ့မှာ အပြစ်ရှိလဲ ဟင်"
"ဟ...မင်း သားက လူဆိုးပဲ၊ သူ့မှာ အပြစ်ရှိတာပေါ့၊ လွန်ခဲ့တဲ့ သုံးနှစ်ကကျ ပြစ်ထားပြီး၊ ခုက ပြန်ခိုးပြေးလိုက်ပြီ၊ မင်းသားက စည်းလွတ်ကမ်းလွတ် သိပ်နေချင်တဲ့ကောင်"
"ကိုနော် စကားပြောပုံက"
"ဘာလဲ ငါ့သားပြောတာ၊ မင်းအဖေတွေကို စည်းလွတ်ကမ်းလွတ် မရမ်းဗတာလို့ တစ်ခွန်းမှ မပြောသေးဘူး"
"ကြည့်ပါလား"
"ဝေးသားပဲ၊ သူ့ကြည့်မရသလို ငါကလည်း ကြည့်မရရေးချ မရထဲကပဲ"
"ကိုနော်...ရီ စိတ်မထိန်းနိုင်တော့ဘူးသိလား"
"မရတော့ဘူး၊ မီတင်ချိန်က နီးနေပြီ၊ ဒီနေ့အရေးကြီး မီတင်ရှိတယ်"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan