အမုန်းတရား၏နောက်တော်ပါး Ep-31
Zawgyi
ညက သောင်းကျန်းထားသည့်အချိန်နှင့်မို့ ကျန့်က ခုထိ မနိုးသေးပေ။ ဆေးလိမ်းပေးထားပေမယ့် ထိုဒဏ်ရာကိုထိမိတိုင်း နာ၍ထင် မွေးကင်းစကလေးပမာ တအင့်အင့်တအဲအဲဖြင့် လူးလွန့်ကာ ပြန်မှေးသွားပြန်၏။ သူလဲ နေ့ခင်းဘက် Namsan Towerသို့ အဆင်သင့်သွားရန်အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာ ကျန့်နိုးလာချိန်အထိ ကျန့်၏နံဘေးတွင် ပြန်လှဲလျောင်းကာ ပန်းရောင်သမ်းပြီး၊ ပြစ်မျိုးမဲ့မထင် အပြစ်အနာအဆာမရှိသော ကျန့်မျက်နှာလေးကို ငေးကြည့်နေလိုက်သည်။
အိပ်နေသည့်အချိန်တွင် ကလေးငယ်တစ်ယောက်ပမာ ဖြူစင်လွန်းလှသည်။
နှုတ်ခမ်းလေးကိုအကြည့်ရောက်သွားပြီး မနေနိုင်စွာ ထိုပေါက်ပြဲနေသည့်နှုတ်ခမ်းလေးကို ငုံခဲလိုက်၏။ ကျန့်က အသက်ရှူကျပ်၍ထင် မျက်လုံးမဖွင့်ပဲ သူ၏ရင်ဘတ်ကို၊ လက်သီးဆုပ်သေးသေးလေးဖြင့် လာထုမှ လွှတ်ပေးလိုက်၏။
"အဟွတ်...အဟွတ်...မောင် ဒီမှာ အသက်ရှူမဝတော့ဘူး"
"ကျန့်က မောင့်ရှေ့မှာ နှုတ်ခမ်းစူပြီး အိပ်နေတော့၊ စိတ်မထိန်းနိုင်ဘဲ သတိလက်လွတ် နမ်းလိုက်မိတာ"
"မောင်က နမ်းတာမှမဟုတ်တာ၊ နှုတ်ခမ်းတစ်ခုလုံးကို ပူထူသွားတာပဲ"
"နောက်ဆို ကျန့် အိပ်နေရင် နမ်းရုံပဲနမ်းပါ့မယ်၊ မအိပ်သေးရင်တော့ ညကလိုခရီးဆက်ကြတာပေါ့...ဟင်း"
မောင့်ရဲ့တစ်ခြမ်းစောင်းအပြုံးကြီးက တင်ပါးပင် စိမ့်ခနဲ ဖြစ်သွားရ၏။
"မောင် ဘာတွေပြောနေတာလဲ၊ အ့..."
ရှောင်ကျန့် ရှက်ပြီးခုတင်ပေါ်မှဆင်းရန် ဟန်ပြင်လိုက်စဉ် ညကအရှိန်ကြောင့် ခုတင်ပေါ်ပြန်လဲကျသွား၏။ ရီပေါ်က ခုတင်တစ်ဖက်သို့လာရောက်၍ ရှောင်ကျန့်၏ ဒူးအောက်မှလက်လျှိုကာ ပွေ့လိုက်ပြီး၊ ရေချိုးခန်းသို့ ပွေ့ချီသွားလိုက်၏။
ရှောင်ကျန့်ကို အောက်ချပေးကာ. . .
"မောင် ချိုးပေးရမလား"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan