Part-17

17.2K 1.3K 147
                                    

အမုန်းတရား၏နောက်တော်ပါး Ep-17

Zawgyi

  "ကျဲယွီယွီ ကျွန်တော့်ဝေယျာဝစ္စကို ခင်ဗျား ဘာမှလုပ်ပေးစရာ မလိုပါဘူး၊ ခင်ဗျား တာဝန်က ခင်ဗျားမောင်ကို စောင့်ရှောက်ဖို့ပါပဲ"

  သူ ဆေးရုံကပြန်အလာတွင် သူ့လက်ဆွဲအိတ်ကို လာရောက်ဆွဲပေးသော ယွီယွီကို အလိုမကျစွာ သူ ပြောလိုက်မိ၏။

  ရှောင်ကျန့်က မာလကာသီး စားနေရာမှ သူ့အား လှမ်းကြည့်သည်။

  ရီပေါ် စိုးရိမ်ပူပန်သွားရ၏။

  "ဟင်. . .မာလကာသီး စားနေတယ်၊ အစေ့တွေဟာ အူအတက်ထဲ ဝင်သွားရင် ခွဲစိတ်ရတဲ့အထိ ဖြစ်သွားမယ်ဆိုတာ မင်း မသိဘူးလား"

  "တစ်သက်လုံး စားနေကျပဲ"

  "ပေးစမ်းပါ၊ ကျဲယွီယွီ အစေ့ထုတ်ပေးပြီး အသားပိုင်းလေးတွေပဲ လုပ်ပေးလိုက်ပါ"

  ရှောင်ကျန့် လက်ထဲမှ မာလကာသီးကို လုယူပြီး ယွီယွီကို လှမ်းပေးလိုက်၏။

  "မစားတော့ဘူး ကျဲယွီယွီ မလုပ်နဲ့တော့၊ သူ ထမင်းစားမယ်ဆိုရင်သာ ပြင်ကျွေးလိုက်တော့"

  "မလိုဘူး ကျဲယွီယွီ၊ အန်ကယ်လ်ရှင်း လုပ်ပေးလိမ့်မယ်၊ မင်းကော စားပြီးပြီလား"

  "ပြီးပြီ"

  ရှောင်ကျန့်က သူ့အနီးမှ ထွက်သွားဟန် ပြင်လိုက်၏။ ရီပေါ်က လျင်မြန်စွာ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ နောက် လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆိုဖာ​ပေါ်၌ ပြန်ထိုင်စေ၏။

  "ကျွန်တော့်ကို အဓ္ဓမမလုပ်နဲ့ မကြိုက်ဘူး"

  "မင်းက အဲဒီလို မတားဆီးလို့မှ မရဘဲ၊ ကိုယ် ပြောစရာရှိလို့"

  ရှောင်ကျန့်က ရီပေါ်ကို မကျေမနပ် မော့ကြည့်လိုက်၏။ ယောကျာ်းသည် သူ့ကတိအတိုင်း ရုံးချိန်ပဲ ဆေးရုံသွားပြီး အိမ်မှာပဲ နေသည်။ သူ့အား အရိပ်တကြည့်ကြည့် လုပ်နေသည်။ ပြောင်းလဲမှုကို ရှောင်ကျန့် သတိပြုမိသော်လည်း နာကျည်းမှုက လွင့်ပြယ်မသွားနိုင်သေး။

  အမျိုးသားတစ်ယောက်လုံး ကိုယ်ဝန်ရှိခြင်းကို ငါးလတိုင်တိုင် မသိရလောက်အောင် ဥပေက္ခာပြုနိုင်ခဲ့သော ယောကျာ်း၊ အိမ်ထောင်ကျပြီးသည့်တိုင် ငယ်ကျွမ်းဆွေလောက် ဘယ်သူ့ကိုမှ မစွဲလန်းဘူး၊ နေရာမပေးနိုင်ဘူး ဟူသော ယောကျာ်းကို လှလှပပ ပညာပေးရမည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now