Part-18

17.6K 1.4K 111
                                    

အမုန်းတရား၏နောက်တော်ပါး Ep-18

Zawgyi

  ရှောင်ကျန့် အခြေအနေ အရပ်ရပ်ကို သဘောပေါက်လိုက်သည်။

  မိမိရည်မှန်းချက်တို့ သဲထဲရေသွန်လိုက်သကဲ့သို့ ဖြစ်သွားလေပြီ။

  မျက်ရည်မကျ။

  မျက်တောင်မခတ်ဘဲ တစ်နေရာကို စူးစိုက်ကြည့်ရင်း စိတ်နှင့်ခန္ဓာ ဒွန်တွဲမရှိသော ရှောင်ကျန့်ကို ရီပေါ်က စိတ်ထိခိုက်စွာ ကြည့်လိုက်ပြီး၊ လက်ဖျားလေးများကို အုပ်မိုးကိုင်ထားလိုက်၏။ ပိုက်များတန်းလန်းနှင့် ပုလင်းများတန်းလန်းရှိနေသော ရှောင်ကျန့်ကို ယူကျုံးမရစွာ ကြည့်ရင်း ဖြေသာမှုပေးနိုင်မည့်စကားကို သူ ရွေးချယ်စဉ်းစားနေသည်။

  ကျဲယွီယွီကို လုပ်ကြံဇာတ်လမ်းနှင့် ပြန်လွှတ်လိုက်ခြင်းက သူ့ရဲ့ အမှားလား။

  မိခင်၏ အသက်ကို လက်မတင်လေး ကယ်တင်နိုင်လိုက်သော်လည်း ကိုယ်ဝန်ကတော့ ပျက်စီးသွားခဲ့လေပြီ။

  ရီပေါ် စိတ်ထိခိုက်လွန်းသဖြင့် ရင်ထဲ ဆို့နင့်နေသည်။ မစားနိုင်မသောက်နိုင်ဖြင့် အမျိုးသား ခွဲခန်းမှထွက်ကတည်းက သူ စောင့်နေခဲ့သည်မှာ ကြာလေပြီ။ သတိရလာတော့လည်း မပြောမဆိုနှင့် ငေးကြည့်နေသည်။

  သူ ဘာပြောရမည်နည်း။

  "ကျန့် သတိရပြီလား"

  "ကျန့် တစ်ခုခုကို မေးပါ"

  "ကျန့် ကိုယ့်ကို အပြစ်တင်ပါ၊ အပြစ်ပေးပါ"

  "ကျန့်အနားမှာ အချိန်ပြည့်မနေပေးတဲ့ ကိုယ့်ကို ကျန့် အပြစ်ပေးသင့်တယ်"

  စသည်ဖြင့် ပြောသင့်သလား။

  နစ်သိမ့်မှု ပေးသင့်သလား။

  ရှောင်ကျန့် မျက်တောင်ကိုပုတ်ခတ်ပြီး မျက်လုံးကို အသာမှိတ်လိုက်သည်။

  ရှောင်ကျန့်ရင်ထဲမှ ခံစားချက်ကို သူ မတွေ့မြင်နိုင်တော့။ သို့သော် ရီပေါ် စာနာနားလည်နိုင်စွမ်းရှိသည်။ သူ ခံစားနေရသော ဝေဒနာထက် အဆပေါင်းများစွာကို သူ့အမျိုးသား ခံစားနေပေလိမ့်မည်။

အမုန်းတရား၏နောက်တော်ပါး [Completed]حيث تعيش القصص. اكتشف الآن