Part-25

22K 1.3K 41
                                    

အမုန်းတရား၏နောက်တော်ပါး Ep-25

Zawgyi

  "ရှောင်ကျန့် ငါတို့ ​ရှော့လ်ပင်းထွက်ကြရအောင်၊ အိမ်ပြန်ရောက်ကတည်းက အိမ်တွင်းပုန်းနေတာ ပျင်းစရာကြီးကွာ"

  လုကျင်းဝေက အိမ်သို့လာရောက်ကာ ​ရှော့လ်ပင်းထွက်ဖို့ လာပြော၏။

  "ငါ မလိုက်ချင်ဘူး"

  "ဘာဖြစ်လို့လဲ"

  "မတွေ့ချင်တဲ့သူကို တွေ့မိမှာစိုးလို့"

  "​ဒေါက်တာရီပေါ်လား"

  "အင်း"

  "​ဒေါက်တာရီပေါ်က မင်းကို ချစ်ပါတယ်ဟာ၊ မင်းပျောက်သွားပြီးတဲ့နေ့ကစပြီး အရယ်အပြုံးတွေ နည်းပါးလာတယ်၊ မင်းကို သူတကယ် မချစ်ခဲ့ဘူးဆိုရင် အဲ့နေ့ကတည်းက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးရောပေါ့၊ ပြီးတော့ မင်းကိုသုံးနှစ်ကျော်တဲ့အထိ မရှာဘဲ အ​မေရိကန်မှာ စာမေးပွဲသွားဖြေနေမှာပေါ့ ငကျန့်ရာ"

  "ဒေါ်လီရန်ကြောင့် စာမေးပွဲသွားမဖြေတာပါဟာ"

  "လွန်ခဲ့တဲ့သုံးနှစ်ကျော်ကတည်းက ဒေါ်လီရန်က မင်းရဲ့မသိစိတ်ကို နားလည်တယ်၊ မင်းနဲ့​ဒေါက်တာရီပေါ်ကြားမှာ သူဟာ ဆူးညှောင့်ခလုတ်လို ဖြစ်နေတယ်တဲ့ ဒါကြောင့် သူ့အပေါ်အရမ်းချစ်ပြီး ဇွဲကောင်းတဲ့ ​ဒေါက်တာဇီကျွင်းကို ဇွဲဆုချလိုက်တာ၊ အန်တီတို့ကော ​ဒေါက်တာဇီကျွင်းဘက်ကကော သိပ်ကိုစိတ်ချမ်းသာသွားကြတာ ဘယ်လောက်မင်္ဂလာရှိသလဲ"

  "ဒါကြောင့် သူက ငါ့ကို ကွာမပေးတာပေါ့၊ ဒေါ်လီရန်က အိမ်ထောင်ကျသွားတော့ သူ့မှာ ဘယ်သူမှ မရှိတော့ဘူးလေ၊ ဒါကြောင့် ငါ့ဘက်မြှားဦးလှည့်လာပြန်တာ"

  "ဟင်း...မပြောချင်တော့ဘူး"

  "ဘာဖြစ်လို့လဲ"

  "ငါဘယ်လောက်ပဲ ရှင်းပြ၊ ရှင်းပြ မင်းဘက်က အမြင်တလွဲဖစ်နေမယ်ဆိုရင် ဒီကိစ္စဟာ အဆိုးဘက်ရောက်နေဦးမှာပဲ"

  "ကဲ...ငါ ရင်ထဲမွန်းကြပ်နေလို့ ​ရှော့လ်ပင်းထွက်ကြရအောင်"

  "ပြောတော့ မတွေ့ချင်မမြင်ချင်တဲ့သူကို တွေ့မိမှာစိုးလို့ မသွားတော့ဘူးဆို"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now