.00.

11.1K 597 49
                                    

Unicode

စောင်းသံသဲ့သဲ့ရယ်၊ ကြိုးပေါ်က လက်ချောင်း သွယ်တွေရယ်။

အနုပညာသည်နဲ့ တူရိယာရဲ့ လိုက်ဖက်မှုက အပြည့်ပဲ။

' အရှင်၊ အိပ်ဆောင်ကို ပြန်ချိန်ကျပါပြီ။ '

ဇာက်ကို နှိပ်နယ်လိုက်သည်။ ရွှေအိုရောင် ပိုးသား ဝတ်ရုံ၏ အနားသတ်ဟာ အနီရောင် ကနုတ်ပန်းတွေနှင့် ဝေဆာနေသည်။

စည်းထားရမည့် ကြိုးတစ်ချောင်း ၊ အရှင်ဟာ ဥပဒေကို ချိုးဖောက်နေသည်။ အတွင်းသား ညိုဖျော့ဖျော့ဟာ ဖယောင်းတိုင် မီးအောက် ထင်ထင်ရှားရှားပင် ဖြစ်သည်။

အညိုနုရောင် သမ်းသည့် ဆံပင်ရဲ့ အစွန်းဟာ ဂုတ်သားပေါ်တွင် ဖြာကျလျက် ပျော့ပျော့ပြောင်းပြောင်းလေး။

မျက်လုံးညိုတွေထဲ ပြေးနေသည်က အကမယ် တစ်ဦး၏ အရိပ်။

သူ၏ လက်ချောင်းတွေက ကြွေထည်ခွက်ကို ပြုတ်မကျရုံ တမယ်၊ လွှတ်မချရုံ တမယ်၊ ဖွဖွကလေးသာ ထိကိုင်ထားသည်။ ဒီကြွေခွက် ပြုတ်ကျရင်ဖြင့် လို့သာ စောင်းပိုင်ရှင် ရင်ထိပ်မိသည်။

ဒုတိယ အကြိမ်မြောက် ခေါ်လာသည့် အသံလှိုင်း။

' အရှင်၊ အိပ်ဆောင်ကို ပြန်ချိန်ကျပါပြီ။ '

ဒီတစ်ခါမှာတော့ တငြိမ့်ငြိမ် ဂီတတွေက ရပ်သွားသည်။ အကသမနှင့် အနုပညာသည် သည်လည်း  လှုပ်ရှားမှုတွေကို ရပ်တံ့ပြီး ဦးညွှတ်နေကြသည်။

သုံးလေးထပ်လောက် ကာခြားနေသည့် သစ်သားတံခါး၏ အပြင်မှ အထိန်းတော်ဂျင်၏ အသံဟာ သူ့နားစည်ကို ကျယ်ကျယ်လောင်လောင်ပင် ရိုက်ခတ်လာသည်။ ဒါက စိတ်တိုစရာပဲ။

အရှင်သည် လက်ထဲမှ နော်ရိုရာ ကြွေထည်ကို စားပွဲပေါ် ချပြီး သက်ပြင်းကို ချလိုက်သည်။

နော်ရိုရာ။
အရှင် ခြေချသော မြေသည် နော်ရိုရာမြေ ဖြစ်ပြီး ထိုအရှင် ဆိုသည်ကား နော်ရိုရာ၏ အုပ်စိုးသူ ရှင်သခင် ဖြစ်သည်။

' အရှင်၊ အိပ်ဆောင်ကိုပြန်ချိန်ကျပါပြီ။ '

တတိယအကြိမ် အသိပေးလာချိန်မှာတော့ သူ့လက်တွေက ရပ်တန့်လျက် ကိုင်ထားသည့် သေရည်ခွက်ကို ဆက်မသောက်တော့ပဲ စားပွဲပေါ်မှာသာ အသာအယာ ချထားလိုက်သည်။

THE NAWROYA - နော်ရိုရာအရှင်Tahanan ng mga kuwento. Tumuklas ngayon