FINAL

4.8K 285 99
                                        

Unicode

မူးနောက်နေသည့် ခေါင်းနဲ့ နိုးထလာတော့ ခန္ဓာကိုယ်က လန်းဆန်းမနေ။ နာကျင်နေသည့် ဇက်ကြောကို နှိပ်နယ်ပြီး ရှေ့တည့်တည့်ကို ကြည့်တော့ ဆယ်ကိုရာက စားပွဲပေါ်မှာ မှောက်အိပ်နေတာ ဖြစ်သည်။ တခြားသော အမတ်တွေလည်း ရှိနေကြသည်။

' ဒါက ! '

လူတိုင်းရှေ့မှာ ရှိနေသည့် ကြွေထည်ခွက်တွေ။ အိပ်ဆေးပဲ။

ဆယ်ကိုရာ့ကို လှုပ်နှိုးပြီး ခေါ်တော့ အားလုံးပါ နိုးလာကြသည်။ အဲ့အထိတော့ အရာအားလုံးက ပုံမှန်ပဲ။ ဘာက ထူးခြားသွားမည်လဲ တွေးကြည့်မိတော့ ခြေလှမ်းတွေက အရှင့်အဆောင်ကို ပြေးမိတော့သည်။

တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်မှာ သူ့ဆီက တောက်ခေါက်သံက ဟိန်းလို့။

စားဖိုဆောင်မှာ လဲကျနေသည့် ရိုနဲ့ အစောင့်တချို့ကလည်း အသတ်ခံထားရသည်။ အဆောင်ထဲ ဝင်ကြည့်တော့ သေသပ်စွာ ခေါက်ထားသည့် အိပ်ရာလိပ်။

ကြွေထည်အိုးကလည်း အဆောင်ပြင်မှာ ကျကွဲနေတာကို တွေ့ခဲ့သေးသည်။

' ဘယ်ကောင်လဲ !! '

' သခင် !! စာလိပ်ပါ '

ငှက်တစ်ကောက်ချီလာတဲ့ စာလိပ်ကို ဖွင့်ကြည့်တော့ သွေးတွေ ပွက်ပွက် ဆူလာရသည်။

' ငါသွားမယ်။ '

' မသွားရဘူး။ သခင့်ကို သတ်ချင်လို့ ခေါ်တာကို သိတယ်မလား။ ဒီတိုင်းသွားရင် အားလုံး- '

ဆယ်ကိုရာ့ ဆီက စကားတွေက သူ့ရင်ကို ပူလောင်စေသည်။

' သူ့ကို တစ်ခုခု လုပ်လိုက်ကြရင် ဘယ်လိုလုပ်မလဲ !! '

မျက်နှာတစ်ခုလုံးက ရဲနေသည်။ ဆက်လုပ်ရမည့် အကြောင်းအရာတွေကို တွေးတောလည်း ခေါင်းထဲ ဝင်လာသည်က အရှင့်မျက်နှာလေးပဲ။

စီးကျလာသည့် မျက်ရည်တွေကို သုတ်ချပြီး မြင်းစောင်းက မြင်းကို ဆွဲထုတ်လာခဲ့သည်။

ဆယ်ကိုရာကတော့ သခင့်နောက်ကို တပ်သား အလုံအလောက် ထည့်ပေးပြီး လိုအပ်တာတွေကို စီစဉ်သည်။ ဒုန်းစိုင်း ထွက်သွားသည့် သခင့်ကို စိတ်လေးလေးဖြင့်သာ ဆက်ကြည့်နေမိသည်။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora