.25.

1.3K 213 28
                                    

Unicode

ဆင်တူယိုးမှာ ပန်းလေးတွေကို ညွှန်ရင်း ဂန္ဓမာကို ရှာနေသည်။ ဘယ်လိုပဲ ပုံဖော်ပြနေပါစေ မသိနားမလည်သည့် ကုန်သည်တွေကြား သူဟာ သက်ပြင်းတစ်ချချ။

သိပ်ကိုအတ္တကြီးတဲ့ အမျိုးသမီး တစ်ယောက်ကြောင့် ဂန္ဓမာဟာ နော်ရိုရာအပိုင်ဆိုတာကို မေ့နေခဲ့သည်။ သိပ်မုန်းတာပဲလို့ ရေရွတ်ရင်း ပန်းသည် အဖိုးပေးလိုက်သည့် ပန်းလေးကို ခြွေမိတော့ နားထဲ ဝင်လာသည့် အသံ။ ကြင်နာတတ်တဲ့ မိန်းကလေးပါကွယ်တဲ့။

ခမည်းတော်က သိပ်ကိုမြတ်နိုးတတ်သည် သူမလို အမျိုးသမီးမျိုးနဲ့ မတွေ့ခဲ့သင့်ဘူး။ သူမက အတ္တကြီးတယ်။

မုန်းဖို့ကောင်းလိုက်တာ။

' အရှင်။ ညနေစောင်းနေပြီကို ဘာလို့ဒီမှာထိုင်နေတာလဲ '

အပွင့်မရှိဘဲ အရိပ်ကောင်းကောင်းရသည့် အပင်အောက် ငုတ်တုတ် ထိုင်နေသည့် အရှင့်ကို မြင်တော့ အပြေးလေး အနားကို ရောက်လာသည့် ကလေးမ။

' မင်းကအရမ်းစပ်စုတာပဲ။ '

ရင်းနှီးလာပြီမို့ထင် နှုတ်ခမ်းလေးဆူကာဖြင့် ငြိမ်နေလေရဲ့။

ဒီနေ့မှာလည်း ကောင်းကင်ကြီးက နီနေပြန်သည်။ ငယ်ငယ်က ကောင်းကင်ကြီး နီနေရင် ပြိုကျလာမှာကို ကြောက်တယ်။ ဖခမည်းတော်ကို မေးတိုင်းလည်း ပြိုဖို့နီလာတာတဲ့လေ ဒါကြောင့် ကလေးက ကောင်းကင်ကြီးကို အမြဲငေးကြည့်နေရမယ်တဲ့။ ဘာကိုပြောချင်လဲ နားမလည်သော် မေးတော့ရော ခမည်းတော်က အသေအချာရှင်းပြမည်လား။ သူလေးစားရတဲ့ ခမည်းတော်က သူ့ကို အမြဲတွေးတော နေခိုင်းခဲ့တာ။ ဒါတောင် နော်ရိုရာကို မကာကွယ်နိုင်ခဲ့ဘူး။

' အဲ့ပန်းကဘယ်ကခူးလာတာလဲ လှလိုက်တာ။ '

' လက်ဆောင်ရလာတာ။ '

မိန်းကလေးဆိုတော့ ပန်းကြိုက်တတ်သည် ထို့အတူ ကလေးမကလည်း ပန်းလေးကိုသာ ပြုံးရင်း ငေးကြည့်နေသည်။ လက်ကိုဆန့်တန်းကာဖြင့် ကမ်းပေးလိုက်တော့ မျက်လုံးနက်နက်လေးတွေက ဝိုင်းခနဲ။ ယူလို့ပြောမှ လက်နှစ်ဖက်နဲ့ ယူကာ ကျေးဇူးတင်စကားပြောသည်။

THE NAWROYA - နော်ရိုရာအရှင်Tempat cerita menjadi hidup. Temukan sekarang