.34.

1.3K 204 16
                                        

Unicode

ဝန်းပြင်ရောက်တော့ ဆွဲထားတဲ့ လက်ကိုလွှတ်ပေးလိုက်သည်။ ဆယ်ကိုရာရဲ့ ယခုလို ပုံစံမျိုးကို တစ်ခါမျှ မမြင်ဖူးသော သခင့်အတွက်တော့ ထူးဆန်းမှု အပြင် မရှိ။

သိပ်ထူးဆန်းသည်။

သူ့ကို ကျောခိုင်းထားပြီး နားထင်နှစ်ဖက်ကို လက်ဖြင့် ဖိကိုင်နေသည်။ စိတ်ရူပ်တိုင်း လုပ်နေကြ အမူအကျင့်လေး တစ်ခုပဲ။

အမြဲတမ်း ပြုံးနေတတ်သည်။ စိတ်တိုသည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ပြုံးနေတတ်တဲ့ ဆယ်ကိုရာက ဒေါသကို ကောင်းကောင်း ဖုံးထားနိုင်သည်။ ဒါကို ဂျုံးကုကောင်းကောင်းသိသည်။

အခုကြ ယခင်နဲ့မတူဘဲ သူ့ကိုတောင် မျက်နှာချင်း မဆိုင်တော့။

မှားတာကတော့ အမှန်ပဲမို့ ပြောဖို့လုပ်ရသည်။

' မင်းလုပ်ပုံက မဟုတ်သေးဘူး ဆယ်ကိုရာ။ ဒီကိစ္စမှာ မင်းဘက်က လုံးဝမှားတယ်။ '

' မပြောနဲ့။ '

တစ်ခွန်းထဲပြောပြီး ထွက်သွားသည့် ဆယ်ကိုရာ့ကို ခါးထောက်ပြီးသာ ရပ်ကြည့်နေမိသည်။ တကယ်ပဲ ဘာဖြစ်ချင်နေတာလဲဆိုတာ သူနားမလည်တော့။

ဆက်လိုက်သွားဖို့လည်း ဦးနှောက်ထဲ မရှိ။ တပ်သားမလွှတ်ပေးတဲ့ ကိစ္စကိုတောင် တိုက်ရိုက်ရှင်းရအုန်းမှာကို တစ်ခုမရှင်းရသေး နောက်တစ်ခုကို ရူပ်ပြန်သည်။

ထက်မြက်တဲ့ ဆယ်ကိုရာ ဘယ်ရောက်သွားပြီလဲ လို့တောင် တွေးမိသည်။

တစ်ဖြေးဖြေး ဝေးသွားသည့် ဆယ်ကိုရာ့ပုံရိပ်။ တစ်ယောက်ထဲ လျှောက်သွားနေလို့မှ မဖြစ်ဘဲ။

မျက်စိရှေ့မှာတင် ဝေးဝေးသွားသည့် ပုံရိပ်နဲ့အတူ လဲကျသွားသည့် သူမ။

' ဟင်။ ဆယ်.. ဟာ '

အမြန်သွားထူကာ သတိဝင်အောင် လှုပ်ခေါ်သော်လည်း နှိုးမလာ။ ဒမ်ဂါအထိ ပြန်ဖို့ကကြ မဖြစ်နိုင်။ အဝေးကြီးသွားလည်း အဆင်မပြေတာကြောင့် အနီးနားက တည်းခိုဆောင်ကိုသာ သွားပြီး အခန်းယူကာဖြင့် သမားတော် ပင့်လိုက်ရသည်။

' ဟဲ့ ညည်းသိပြီးပြီလား သခင်နဲ့သခင်မ ဓာမီကိုရောက်နေတယ်တဲ့။ '

THE NAWROYA - နော်ရိုရာအရှင်Nơi câu chuyện tồn tại. Hãy khám phá bây giờ