.27.

1.7K 221 44
                                        

Unicode

' ဦးလေးကြီး။ အရှင်က အခုထိ ပြန်မလာသေးဘူးနော်။ အဆင်ပြေပြေရော ရှိနေရဲ့လား။ '

ခွဲပြီးသား ထင်းတွေကို အိမ်အောက်က နေရာလွတ်မှာ အစီအရီ နေရာချနေသည့် နမ်။ ဆောင်းတွင်းဆိုသော်လည်း ရာသီဥတု‌က ဖောက်ပြန်သည်မို့ တစ်ခါတစ်လေ မိုးရွာတတ်သည်။

ထင်းတွေက ရှားသည်လေ။ သူတို့လို လူတွေအတွက်ဆို တောထဲအထိ ထင်းကောက်သွားရသည်။ ဒါကြောင့် ရလာသည့် ထင်းသားအခြောက်တွေကို အသေအချာ သိမ်းဆည်း နေရာချရသည်။

ဒါရုန်း‌ကတော့ တောထဲကရသည့် အသီးအရွက်တွေကိုသာ တစ်ခုစီ ခြွေကာဖြင့် စိတ်နဲ့ကိုယ်နဲ့ မကပ်။ သူမကြောင့် ပဲသီးတောင့်တွေကလည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်လို့နေပြီ။

နမ်ကတော့ စိတ်ပူတတ်ပါရော ဆိုတဲ့ ပုံစံနဲ့သာ ဒါရုန်းကို ကြည့်သည်။

ဟုတ်ပါတယ် သူကလည်း စိတ်ပူနေလိုက်တာ။ အရှင်က ပျော့ညံ့တဲ့သူမှ မဟုတ်ဘဲ။ နောက်ပြီးတော့ အရှင့်ကိုသာ ဒမ်ဂါမှာ မနှစ်သက်တဲ့သူရှိရင် ဒီလိုအိမ်ဝန်းနဲ့တောင် မနေရဘူး။ နှစ်သက်တဲ့ သူရှိနေလို့ပဲ ဒီလိုနေရာလေးမှာ နေနေရတာပေါ့။

ဒါပေမဲ့လည်း အပျိုတော်ဗြောက အရှင့်ကို စွပ်စွပ်စွဲစွဲနဲ့ ခေါ်သွားတာ မဟုတ်လား။ မျက်နှာထားကလည်း ကြောက်စရာ။ ဒါရုန်း ဈေးထဲကို သွားတော့ သတင်းတချို့ကိုလည်း ကြားရသည်။ သခင်မ ပန်းခင်း မီးလောင်တယ်တဲ့လေ။

ဘယ်လိုလူမျိုးကများ ဒီလိုလုပ်ရဲသည်လဲ သူမစဉ်းစားမိသည်။ သူမ အနေနဲ့ဆို အရှင့်ကို ပိုလို့တောင် သံသယ ကင်းသေးသည်။

အရှင်ဆိုတာ ပန်းခင်းကို သိဖို့နေနေသာသာ ဓာမီကို တောင် နှံအောင် မသွားဖူးသေးတာ ဘယ်လိုဖြစ်နိုင်မလဲ။

...

တစ်နေကုန် တစ်နေခမ်း အဆောင်ထဲမှာသာ‌ နေရသည်။ ဒါဟာ အထူးအဆန်းတော့ မဟုတ်ပေမဲ့ နည်းနည်း နေရခက်လှသည်။ ဒီအခန်းက ဂျွန့်အခန်းမဟုတ်လား။ အချိန်မရွေး ပြန်လာနိုင်သည်လေ။

ပြတင်းပေါက်နားက ခုံတန်းရှည်မှာ ထိုင်နေရင်း စားပွဲပုလေးပေါ်က စာအုပ်ကို ယူကြည့်မိတော့ မှင်နက်နက်ဖြင့် အသေးစိတ်ကျကျ‌ ရေးသားထားသည့် လက်ရေးတချို့။ သေသပ်ကာ တိကျတဲ့ လက်ရေးပိုင်ရှင်ကို သူက စာမဖတ်တတ်ဘူး အထင်နဲ့ ပုံပြင်တွေ ဖတ်ပြခဲ့တာ။

THE NAWROYA - နော်ရိုရာအရှင်Hikayelerin yaşadığı yer. Şimdi keşfedin