.30.

1.6K 216 15
                                        

Unicode

ကိုယ်တိုင် ဆောက်လုပ်ထားပုံရသည့် သစ်သားအဆောင်ပုလေးတွေက ခိုင်ခံလို့နေသည်။ အိမ်ခြေသိပ်မများပေမဲ့ ကျားရှိတယ်လို့ သတင်းပျံ့နေသည့် ဒီတောထဲ ဒီလိုအိမ်တွေဆောက် နေရဲတဲ့ လူတွေက မသင်္ကာစရာ ကောင်းသည်။

ဒီပုံစံအတိုင်းဆို သူတို့နှစ်ယောက်ကို လွှတ်ထားမည် မဟုတ်။ ဘယ်လောက်လိမ်လိမ် ကျွေးတဲ့ အသားကင်ကို ငြင်းဆန်လိုက်တည်းက သူတို့ကို မကြည်တော့တာ။

မျက်နှာချင်းဆိုင်မှာ ရှိနေသည့် တဲထဲက လူကလည်း တစ်ချိန်လုံး သူတို့နှစ်ယောက်ကိုပဲ အရိပ်တကြည့်ကြည့် ကြည့်နေတာမို့ စိတ်ရှုပ်ရသည်။

အလင်းရောင် မြင်ရတာတဲ့ ထွက်သွားတော့မလို့ကို တစ်ချိန်လုံး စောင့်ကြည့်နေကြတော့ အကြံအိုက်ရသည်။

ဂျွန်တစ်ယောက် စိတ်ရူပ်စွာပင် ဆံပင်တွေကို ထိုးဖွလိုက်ရင်း တစ်ခုခု ကြံမိတော့ ပုခုံးပေါ်ကျလာသည့် ခေါင်းလေး။ ငှဲ့ကြည့်လိုက်တော့ အိပ်ငိုက်နေတာ။

ဒီလိုအချိန်မှာ‌တောင် အိပ်ငိုက်နိုင်လောက်သည်အထိ ကျနော့်ကို ယုံသလား။ ဒါမှမဟုတ် ခရီးဒဏ်ကြောင့် ပန်းသွားတာလား။

ခေါင်းလေးကို ကိုင်ကာပင် လှဲပေးမယ်လုပ်တော့ နှိုးလာလေရဲ့။

' အိပ်ချင်အိပ်လေ။ မောင်ရှိတယ်။ '

ဒူးပေါ်က အဝတ်စ ပါးပါးကို ရင်ဘတ်လောက်အထိ တိုးခြုံပေးတော့ ခေါင်းခါသည်။

' တစ်ချိန်လုံး မောင်လို့ပဲ ပြောနေတယ်။ ဘယ်သူမှ မှမရှိဘဲကို ဘာတွေကြောက်နေတာလဲ။ '

သူကပဲ ကြောက်ရသည်တဲ့လေ။

' အသက်ရှုတဲ့ အချိန်တောင် သဘာဝကျနေမှ သံသယမဝင်ကျမဲ့ အခြေအနေပါ ဟျောင်း။ ဟိုမှာတွေ့လား စောင့်ကြည့်နေတယ်။ '

ပြောလိုက်တော့ မျက်လုံးလေး ဝိုင်းကာဖြင့် သူ့ကိုပြန်ကြည့်လာသည်။ အိပ်ငိုက်နေတာနဲ့ပဲ ဘာကိုမှ မသိတော့တာပါလား အရှင်ရယ်။

' မောင်စီစဉ်ထားတာရှိတယ်။ ဟျောင်းက ငြိမ်နေရုံပဲရှိတယ်။ လက်ခံလား။ '

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now