.15.

1.5K 229 14
                                    

Unicode

' ငါပင်ပန်းနေပြီ။ '

' အင်း။ '

အရှင်ဟာ ထိုသို့ပြောလိုက်သော်လည်း ဂျွန့်မျက်နှာဟာ ပြောင်းလဲမှု မရှိ။ ဒီတိုင်းသာ ငေးကြည့်လို့နေသည်။

' မနက်ကြရင် သွားစရာရှိတယ်။ ဒါကြောင့် ငါစောစောအိပ်မှဖြစ်မယ်။ '

သူ့မျက်ခုံးပေါ် ပြေးလွှားနေသည့် ဂျွန့်လက်ချောင်းတွေက သူ့နှာခေါင်းပေါ် အသာလေး လျောဆင်းလာသည်။ ဂျွန်က လုပ်ချင်ရာ လုပ်နေတာပဲ။

' ကျနော့်ကိုတော့ အပြင်ထွက်ခွင့်ပေး။ ဒီမှာပဲ တစ်နေကုန် နေနေရတာ ပျင်းဖို့ကောင်းတယ်။ '

ဂျွန်ဟာ သူ့လည်ပင်းက သစ်သားလော့ကတ်လေးကို ကိုင်ကြည့်ရင်းနောက် သွားဖြင့် ဖိကိုက်ကာ ပြောသည်။ မျက်လုံးဝိုင်းလေးတွေကလည်း သူ့ကို ကြည့်နေသေးသည်။

လူကို ပျော်ဝင်အောင် နည်းမျိုးစုံနဲ့ လုပ်နေတာကို သူသိသည်။ ဒါကြောင့် ခေါင်းကို တစ်ချက် ညိတ်လိုက်တော့ ကိုယ်ပေါ်က ဖယ်ပေးရင်း ဘေးမှာငြိမ်ငြိမ်လေး အိပ်နေသည်။

' ဘယ်သွားမလို့လဲ '

ကုတင်ပေါ်စက ထလိုက်တော့ ချက်ချင်းမေးလာသည့် ဂျွန့်အမေး။

တစ်ချက်သာ လှည့်ကြည့်ရင်း ပြောလာသည့် အရှင့်စကားက အိပ်မပျော်လို့တဲ့

ဒီရင်ခွင်မှာ အိပ်မှ ပျော်တယ်ဆိုတဲ့ အရှင်က အခုကြ အိပ်မပျော်ဘူးတဲ့လား။

နော်ဘီဆောင်ထဲမှ ထွက်လာသည့် အရှင့်ကို မြင်တော့ အထိန်းတော်ဂျင်ဟာ အပြေးလေး ရောက်လာသည်။ မေးသမျှကို ဖြေချင်စိတ်မရှိသည်မို့ အိပ်ဆောင်ကိုသာ ပြန်လာခဲ့တော့သည်။ သူ့မျက်လုံးတွေက သေချာပေါက် မှေးစင်းနေမှာ။

စိတ်ချလက်ချ အိပ်ဆက်ချင်ပေမယ့် လေးနေသည့် စိတ်တွေကြောင့် လူက ပင်ပန်းရသည်။ မျက်လုံးတွေကို အတင်းအကျပ် မှိတ်စေလိုက်ရင်းမှ နောက်ဆုံးတော့ အိပ်ပျော်သွားခဲ့သည်။

....

' အရှင်။ ထရပါတော့မယ်။ '

ခပ်တိုးတိုး ခေါ်လိုက်တော့ သက်ပြင်းတစ်ချက်ချကာဖြင့် အိပ်ချင်မူးတူးလေး ထလာသည်။

THE NAWROYA - နော်ရိုရာအရှင်Onde histórias criam vida. Descubra agora