.18.

1.5K 233 10
                                        

Unicode

အနောက်နိုင်ငံစာများကို အဓိက ရောင်းချသည့် စားသောက်ဆိုင်လေး ဖြစ်တာမို့ ကုန်သည်အများစုနဲ့ ခရီးသွား တချို့လောက် ရှိသည်။

သို့သော် ဆိုင်လေးက သာမန်လူတန်းစား မိသားစုက ဖွင့်လစ်ထားသည့် ဆိုင်လေးမို့ နေရာထိုင်ခင်း သိပ်မရှိ။

ဆိုင်ခန်းကလည်း ကျဉ်းပြီး သစ်သားစားပွဲလေး ‌ငါးခုံလောက်သာရှိသည်။ မှာသည့် နေရာကို လှမ်းအကြည့်တော့ အုံးနေသည့် လူတွေကြောင့် သက်ပြင်းချမိသည်။

' မင်းပဲ သွားမှာလိုက် ဂျွန်။
ငါဒီမှာပဲ စောင့်နေမယ်။ '

အရှင်ဟာ နေရာလွတ်လေးမှာ ထိုင်ဖို့လုပ်တော့ လက်ကောက်ဝတ်လေးကို ဆွဲရင်း မှာတဲ့နေရာကို ခေါ်သွားလေသည့် ဂျွန်။

လူရူပ်လို့ မသွားချင်တာကို..

ထိုနေရာဟာ လူကြပ်သော်လည်း တခြားလူတွေနဲ့တော့ သူက အသားချင်း ထိနေတာမျိုးတော့ မရှိ။ ဘာလို့ဆို ဂျွန်က ဖက်ပေးထားသည်လေ။

' ဟိုမှာပဲ စောင့်နေပါမယ်ဆို။ '

အရှင်ဟာ လက်မောင်းပေါ်က လက်တွေကို အသာတွန်းရင်း ပြောတော့

' မရပါဘူး။ ကျနော်ရှိတာမို့ အရှင့်ကို ဘယ်သူမှ မထိနိုင်ပါဘူး။ '

ဟုတ်တာတော့ ဟုတ်တာပေါ့။ သူ့ကိုယ်ကြီးနဲ့ ပွေ့ပိုက်ထားသည်ကို ဘယ်သူက ထိနိုင်မည်တဲ့လဲ။

ခေါင်းကိုခါကာပင် တစ်ခဏလောက် အသက်အောင့်ထားလိုက်သည်။ လူတွေရဲ့ ရနံ့က သူ့ကို‌မူးဝေစေလို့ ဖြစ်နိုင်ရင် ပြေးထွက်ချင်နေပြီ။

' လာသွားမယ် အရှင်။ '

စားစရာတွေ ရလာတော့ သူ့လက်ကို ဆွဲကာ ခုနက လွတ်နေတဲ့ နေရာကို သွားလေသည်။ သို့သော် လူဦးသွားပြီမို့ ကျန်နေရာတွေကို လိုက်ကြည့်တော့လည်း ထို့အတူ လူပြည့်နေလေသည်။

သက်ပြင်းချကာပင် ဂျွန့်လက်ကို ဖြုတ်ချလိုက်သည့် အရှင်။

' ငါပြောသားပဲ။ ငါက နေရာဦးနေမှာမို့ မင်းကပဲ သွားမှာပါဆိုတာကို အခုတော့ တွေ့လား။ အဲ့ဒါ ငါ့စကားနားမထောင်လို့ဖြစ်တာ။ '

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora