Unicode
အနမ်းဖွဖွကို လက်ခံပြီးတော့ ခါးတွေကို သိုင်းဖက်လာသည့် အရှင့် လက်သွယ်သွယ်။
အရှင့်ပါးပြင်ကပ်နေသည့် ကျနော့်ရင်ဟာတော့ နွေးနေလေရဲ့။
' အိပ်ဆောင်ကိုပြန်မယ်။ မင်းဆေးသောက်ရအုန်းမယ်လေ '
အရှင်က သူ့သဘောအတိုင်းသာ ဂျွန့်လက်တွေကို ဆွဲခေါ်သွားသည်။
များပြားသည့် အစားအစာတွေကြား ဘာကိုမှ မတို့မထိ ငိုင်နေသည့် ဂျွန့်ကိုကြည့်ကာ အရှင်သက်ပြင်း ဖွဖွချလိုက်သည်။ သစ်သားတူတစ်စုံကို ယူကာဖြင့် အသားတစ်ဖတ်ကို ညှပ်လိုက်ကာ ဂျွန့်ပါးစပ်နား တေ့လိုက်သည်။
ဒါတောင် မစား။ ရှောင်ဖယ်လို့သွားသည်။
' စားချင်စိတ်မရှိဘူး '
' စားရမယ်။ '
ခပ်ဩဩ အမိန့်သံကို မလွန်ဆန်သင့်ဘူးလို့ တွေးပုံရသည် ဂျွန်ဟာ အရှင့် ခွံကျွေးသမျှကို ငြိမ်ငြိမ်လေး ထိုင်စားသည်။ ဆေးကိုလည်း ကောင်းကောင်း သောက်ပြီးတော့ အရှင်က သူ့ကို စာကြည့်ဆောင်ကို ခေါ်လို့သွားသည်။
' ဒီမှာထိုင်။ နေမကောင်းတာကို သိပေမယ့် အချိန်မရှိဘူး မင်းဒါတွေကို လေ့လာရမယ် '
သူ့ကို သစ်သားထိုင်ခုံလေးမှာ ထိုင်ခိုင်းပြီး စာအုပ်စင်နားကို အပြေးလေး သွားသည့် အရှင်။ အဝါရောင် စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် ယူချလာကာဖြင့် သူ့ရှေ့က စားပွဲခုံပေါ် ချသည်။
' ဒါတွေကို ကျနော်ကဘာလုပ်ရမှာလဲ '
' လေ့လာရမှာလေ '
' ကျနော်မှ စာမတတ်တာ။ နောက်ပြီးဒါတွေကို ကျနော်သိဖို့လည်း မလိုပါဘူး '
' လိုတယ်။ နောက်တစ်ပတ်နေရင် မင်းကို အချစ်တော်အဖြစ် တင်မြှောက်မှာ အဲ့တော့ မင်းဒီမှာနေထိုင်နိုင်ဖို့ နည်းနည်းတော့ လေ့လာ.. အ ! '
ထိုင်ရာမှ ထလာသည့် ဂျွန်ဟာ အရှင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
' မဖြစ်ဘူး ! '
ထိပ်ခနဲဖြစ်သွားသည့် သူစိတ်ကိုတော့ အရှင်ဟာ နားမလည်။ သူလုပ်ချင်ရာကိုသာ လုပ်မည်ဖြစ်သည်။ အခုလည်း သူဟာ နိုင်ငံရဲ့ဘုရင်ပါဆိုပြီး ပြုံးနေလေရဲ့။
ESTÁS LEYENDO
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
