.12.

1.4K 230 43
                                    

Unicode

ယမကာရနံ့ ထောင်းနေသည့် အခန်းထဲ တစ်လှမ်းချင်းဖြင့် ဝင်လာပြီးနောက် ကြားလိုက်ရသည့် အသံ။ ဒါဟာ သေချာပေါက် အရှင်ခွဲလိုက်တဲ့ ကြွေခွက်က လာသည့် အသံဖြစ်မည်။

ဇာလိုက်ကာနောက်ကို လျှောက်သွားလိုက်တော့ ကြမ်းပြင်မှာ လှဲအိပ်နေသည့် အရှင်။ သို့သော် အိပ်ပျော်ပုံတော့ မရ။ မသေမသပ်ဖြစ်နေသည့် အစိမ်းနုရောင် ဝတ်ရုံဟာ မနေ့မနက်ထဲက ဝတ်ထားသည့် ဝတ်ရုံပင်။

' သူပါလာလား.. '

အက်ရှရှ အသံ။

' စိုးရိမ်မိပါတယ်။ ရှာနေဆဲပါ။ '

' ဟက်။ '

ခေါင်းကိုသာ ငုံ့ထားမိသည်။ ဖြေးဖြေးချင်းဖြင့် ထထိုင်လိုက်သည့် အရှင်ဟာ ကြွေခရားကိုသာ ဆွဲယူရင်း မော့သောက်လို့နေသည်။ နှုတ်ခမ်းထောင့်မှ စီးကျလာသည့် ယမကာ တချို့ဟာ ဝတ်ရုံတော် အစိမ်းနုလေးပေါ် စိုရွှဲလျက်။

လူကလည်း ယိုင်နေပြီ။ နေ့လည်ထဲက သေရည်ကိုပဲ ထိုင်သောက်နေတာ။

' အရှင်။ '

' နှစ်ရက်ရှိသွားပြီ။ '

တစ်ခွန်းချင်း ပြောလာမည့် အရှင့်စကားကိုသာ စောင့်နေသည်။

' တွေ့အောင်ရှာ။ နန်းတော်ထဲက တပ်သားတွေ အကုန်ခေါ်သွား။ '

သက်ပြင်းကိုသာ တစ်ချက် ချလိုက်မိသည်။

' ဂျင်။ သူ့ကိုပြန်ခေါ်လာပေးပါ။ ဒါက အမိန့်ပဲ '

' အပြစ်သား တစ်ယောက် ထွက်ပြေးသွားလို့ လိုက်ရှာနေတာလား ဒါမှမဟုတ် ထွက်သွားသူက ဂျွန်မို့လို့ လိုက်ရှာနေတာလား။ '

သူ့အမေးကို အရှင်ဟာ ဟာသတစ်ပုဒ်လို ရယ်သည်။ နောက်ထိုင်နေရာမှ ထလာရင်း သူ့နားကို လျှောက်လို့လာသည်။

‌ခေါင်းကိုငုံ့ထားသည့် သူ့ရှေ့မှာတင် ရပ်လိုက်သည့် အရှင်။

မော့ကြည့်မိတော့ အရှင် မျက်လုံးတွေက ရဲနေသည်။ မျက်ရည်တွေ ဝဲနေတာကိုလည်း မြင်ရသည်။ ခေါင်းကိုပြန်ငုံ့လိုက်တော့

တစ်ချက် ထပ်ရယ်ရင်းမှ ပြောလာသည်က..

' အင်း။ အပြစ်သားပေါ့ ' တဲ့

THE NAWROYA - နော်ရိုရာအရှင်Место, где живут истории. Откройте их для себя