Unicode
မျက်လုံးတွေကို မှိတ်လိုက်တိုင်း ဒါရုန်းရဲ့ စကားကိုပဲ တွေးနေမိတာ။ ဒီကလေးမ တစ်ခုခု သိထားတာ သေချာတယ်။
သိချင်စိတ်က နှောင့်ယှက်လေတော့ ကြောင်လာသည့် မျက်လုံးတွေကြောင့် ဆက်အိပ်လို့ မရတော့။
ဟိုလှည့်သည်လှည့်ဖြင့် အချိန်ကုန်ရင်း အခန်းပြင်ကို ထွက်လာခဲ့သည်။ ဖိနပ်ပါးပါးလေးကို စီးလိုက်ရင်း ရေတံခွန်လေးဆီကို သွားလိုက်သည်။ ဟိုနေ့ကမှ ချည်ထားသည့် နွယ်ကြိုးလေးတွေကို အသစ်လဲရင်း ရေတံခွန်နားက ကျောက်ဆောင်လေးမှာ ထိုင်နေလိုက်သည်။
အေးစိမ့်စိမ့် ရာသီဥတုက ညဘက်မှာ ပိုဆိုးသည်။ ဆက်အေးတာကြောင့် မထိုင်နိုင်တော့ဘဲ အဝေးက တောထဲကို ငေးကြည့်လိုက်သည်။ အဲ့တောထဲကိုပဲ သွားလိုက်မိတာလေ။
အောက်နှုတ်ခမ်းကို တစ်ချက် ကိုက်မိသည်။
ကောင်းကင်ပေါ်မှာ သာနေသည့် လမင်းကြီးကို မော့ကြည့်ရင်း ခေါင်းကို တစ်ချက်ညိတ်လိုက်သည်။
ဒီလမ်းကပဲ သူသွားခဲ့တာ။ သေချာတယ် ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်းနဲ့ပဲ ဂျွန့်ကို တွေ့ခဲ့တာ။ ဒါဆို ဒီတောလမ်းက ဖြတ်လမ်းဖြစ်မယ်။
တွေးကြည့်တော့ နော်ရိုရာမှာလည်း ဖြတ်လမ်းတွေ ရှိတာပဲ မဟုတ်လား။ ဒါကို ဘာလို့ဂျွန်က မသိရတာလဲ။ ကိုယ်ရံတော်ဆိုတဲ့ သူကရော ဘာလို့မသိရတာလဲ။
ဆက်တွေးမနေတော့ဘဲ ဟုတ်မဟုတ် ထပ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
...
မှောင်မဲနေသည့် တောထဲမှာ လည်နေတာ ကြာပြီ။ တစ်နေရာထဲကို သုံးလေးခေါက်ရောက်နေပြီကို ထိုရှေ့က လူက မလည်ဘူး ခဏနေရောက်တော့မယ်လို့ပဲ ပြောနေတာ။
' ခင်ဗျား လမ်းသိတာ သေချာလို့လား။ '
လွန်ခဲ့တဲ့ မိနစ်လောက်ကမှ သိသိသာသာ သူ့နားကပ်လာသည့် ကောင်လေးကြောင့် စိတ်ထင့်နေမိတာ။ ထိုကောင်လေး မျက်လုံးတွေကလည်း တစ်ခုခု ပြောချင်နေတာကို သူသိတယ်။
အသိကပ်ကာ ထိုလူတွေကို ကြည့်မိတော့ သူတို့နှစ်ယောက်ကို ဝိုင်းပြီးလျှောက်နေသည့် လူတွေ။
BẠN ĐANG ĐỌC
THE NAWROYA - နော်ရိုရာအရှင်
Lãng mạnJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
