.05.

1.8K 273 19
                                    

Unicode

ဂန္ဓမာခင်းကြီးထဲ ဝတ်ရုံဖားဖားကြီးနဲ့ ပန်းတွေကို ခူးနေသည့် အရှင်။ သူကတော့ တောင်ကုန်း‌လေး ပေါ်မှာသာ ထိုင်ကြည့်နေသည်။

အရှင်ရဲ့အပြုံးတွေဟာ မိုင်တွေခြားနေတောင် တောက်ပ၏။ အဝါရောင် ဝတ်ရုံလေးနဲ့ အရှင်က ဂန္ဓမာခင်းနဲ့ လိုက်ဖက်သည်။

သိပ်မကြာ ပန်းတွေကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ရင်း သူ့နားကို လျှောက်လာသည်။

အနားမှာ ဝင်ထိုင်ရင်း လက်ထဲက ပန်းတွေကို မြေကြီးပေါ်ချသည်။ နောက်ဂျွန့်ဘက်ကို လှည့်လို့လာသည်။

' ဂျွန်။ ဒီပန်းတွေကလေ ငါမမွေးခင်လောက်ထဲက- '

' ချွေးတွေထွက်နေပြီ။ '

အနား‌ကို ပြန်ရောက်လာသည့် အရှင့်မျက်နှာလေးဟာ ပြုံးလို့။ နေပူကြီးထဲမှာ အကြာကြီး နေနေလို့ဖြစ်မယ် နားထင်နားမှ ချွေးစတွေဟာ ပါးပြင်ပေါ် စီးကျလာပြီမို့ အင်္ကျီစဖြင့် ဖိသုတ်ပေးလိုက်သည်။

အညိုရောင် မျက်ဝန်းလေးတွေကတော့ ဝိုင်းစက်စက်။

' အရှင့်ကို မမွေး‌လောက်ထဲက ဘာဖြစ်လဲ '

ပြတ်သွားသည့် စကားတွေကို ဆက်ပေးလိုက်တော့ သတိတရဖြင့် ပြောလာသည်။

' ဒီအပင်တွေက ကြာပြီလို့ပြောတာ '

' အရှင်က ဂန္ဓမာကို ကြိုက်တာလား.. '

ဂျွန့်မျက်ဝန်းတွေဟာ ဝတ်ရုံအဝါလေးနဲ့ အရှင့်ကို ကြည့်နေသော်လည်း အရှင်ဟာ ပန်းခင်းကြီးကိုသာ ငေးလို့နေသည်။ ချယ်ရီရောင်ပြေးသည့် နှုတ်ခမ်းလေးမှ ကျဆင်းလာမည့် စကားတွေကို စောင့်လို့မှန်းမသိ စောင့်ဆိုင်းမိသည်။

ခေါင်းလေးခါသည့် အရှင်ဟာ တစ်ခုခုကို ပြောဖို့အချိန်ယူနေသည်။

' မကြိုက်ဘူး။ '

' ဒီပန်းခင်းရဲ့ပိုင်ရှင်ကိုမုန်းတယ် '

တွေးစစဖြင့် ပြောလာသည့် အရှင်က ဂျွန့်ဘက်ကို လှည့်ကြည့်လာသည်။

နှစ်ဦးသား၏ မျက်ဝန်းတွေဟာ လိုက်ဖက်သည်။

' ခဏလောက်အိပ်ချင်တယ် '

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now