Unicode
' လှသွားပြီ ဟီးး။ '
သွားသေးသေးလေးတွေပေါ်သည်အထိ ရယ်နေသည့် မက်ရီလေး။ ဖဲပြားကြိုးလေးကို သူ့ဆံပင်မှာ ချည်ပြီး လှလှလေး လုပ်ပေးမယ်တဲ့လေ။
သဘောရှိ လွတ်ထားတော့ ပြုံးပျော်နေလေသည်။ ပါးဖောင်းဖောင်းလေးတွေက မို့တက်ကာပင် သဘောကျနေသည်မို့ စိတ်ကအနည်းငယ်တော့ သက်သာရသည်။
ကိုယ်တိုင် မပြုံးနိုင်တဲ့အခါ တစ်ပါးသူကို ပြုံးအောင် လုပ်ပေးပါတဲ့။
ဒီစကားက အမှန်ဖြစ်မယ် မောင်။ ငါလည်း နည်းနည်းတော့ ပြုံးမိလာတယ်။
' မက်ရီလေးရေ.. ကဲ အရှင့်ကို မနှောင့်ယှက်နဲ့တော့ လာ '
ညနေစောင်းလောက်ရောက်တော့ ပြတင်းပေါက်မှ တစ်ဆင့် မက်ရီလေးကို ခေါ်လိုက်သည့် မင်းကြီးဂျောင်။
အရှင့်ကို မြင်ချိန်မှာတော့ နှစ်ခြိုက်စွာပင် ပြုံးမိတော့သည်။ ဒီလိုချစ်စရာကောင်းအောင် သူ့တူမလေးက လုပ်ပေးလိုက်သည်တဲ့လား။
' အာ.. အရှင့်ကိုအားနာလိုက်တာ ဒီကောင်မလေးက အဲ့လိုပဲ။ '
တွေဝေနေတဲ့ အရှင်က မင်းကြီးဂျောင်ရဲ့ စကားကို ကြားမှ မျက်လုံးလေးဝိုင်းကာဖြင့် ခေါင်းပေါ်က ဖဲပြားလေးကို ဆွဲချလိုက်သည်။
' ဟို။ ရပါတယ် မက်ရီလေးက လိမ္မာပါတယ်။ '
' အရှင့်ကို တောင်းပန်လိုက်အုန်း မက်ရီ။ လူကြီး ခေါင်းကို အဲ့လိုမဆော့ရဘူးလေ။ '
' မက်ရီတောင်းပန်ပါတယ် ဦးဦး။ '
အလိမ္မာလေးက အတည်တွေ တောင်းပန်ပါတယ်မို့ ကကုတင်ပေါ်က ပြေးဆင်းကာပင် ကိုယ်သေးသေးလေးကို ပွေ့ပိုက်လိုက်သည်။
' မလိုတာ မီးမီးရယ်။ နောက်လည်း ဆော့ပေးမယ်နော်။ ဟုတ်ပြီလား။ '
ရှေ့ဆံပင်လေးတွေကို လက်ချောင်းလေးနဲ့ တို့ထိကာ ပြောတော့ သွားသေးသေးလေးတွေ ပေါ်သည်အထိ ထပ်ရယ်လာသည်။
' မေမေ့ဆီသွားတော့နော်။ ဖြေးဖြေးသွားနော်။ '
မင်းကြီးရဲ့ စကားကို ခေါင်းလေး ညိတ်ကာပင် ဂါဝန်လေး မ,ကာဖြင့် သူ့ကိုပါ အရိုအသေပေးပြီး ထွက်သွားသည်။
![](https://img.wattpad.com/cover/285399583-288-k405901.jpg)
ВЫ ЧИТАЕТЕ
THE NAWROYA - နော်ရိုရာအရှင်
Любовные романыJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]