Unicode
နော်ရိုရာ။ ဘုရင်ဟန်ဂျိုလက်ထပ် (အရှင်ထယ့်၏ဖခင်)
နော်ရိုရာ အိပ်ဆောင်တော်ရှေ့ ခေါက်တုန့်ခေါက်တုန့် လျှောက်နေမိသည့် အရှင်ဟန်။ အေးစက်နေသည့် လက်ဖျားတွေကို အချင်းချင်း ယှက်ကိုင်ကာ စိတ်ကို ထိန်းထားရသည်။ နားထဲတိုးဝင်လာသည့် ထိုမိန်းကလေးရဲ့ အော်သံဟာ ခပ်သဲ့သဲ့။
"အထိန်းတော်ကြီး မိန်းကလေးက
အဆင်ပြေပါ့မလား။"
အရှင်ဟန်၏ စိုးရိမ်မှုကို နားလည်သော်လည်း ဒီအမေးကို အရှင်မေးနေသည်မှာ လေးငါးခွန်း မကတော့ဘူး။ အထိန်းတော်ကြီးကတော့ အဖြေကို ပေးပြီးသားပေမို့ အရှင့်ကို ခေါင်းသာ ညိတ်ပြသည်။
အထိန်းတော် ပေါက်စလေးကတော့ သူ့အဖေဝတ်ရုံစကို ဆွဲကိုင်ထားရှာသည်။ သိချင်စိတ်များတဲ့ မျက်လုံးငယ်လေးတွေကို သတိပြုမိတော့ ခေါင်းကို ခါကာ တိတ်တိတ်နေဆိုတဲ့ အမူအယာလေး လုပ်ပြရသည်။ ထိုအခါမှ နှုတ်ခမ်းဖူးဖူးလေးတွေက ပိတ်သွားပြီး သူ့နောက်မှာ ကပ်နေသည်။
အရှင့်ကို ပြန်ကြည့်သော် လမ်းလျှောက်နေဆဲ။ အမျိုးသမီး တစ်ဦး ကလေးမွေးတာက သာမန် ကိစ္စ တစ်ခုဖြစ်သော်လည်း အရှင်ဟန် ကတော့ မိန်းကလေးကို စိတ်ပူလွန်းလှသည်။
အရှင်ဟန်နဲ့ မိန်းကလေးက ပန်းခင်းထဲမှာ ရှိနေကြတာ ဖြစ်သည်။း အချိန်အတော်ကြာ ရှိနေကြပြီးမှ ကိုယ်ဝန်သည် မိန်းကလေးက ရုတ်ချည်း ဗိုက်နာလာသည်ဆိုသော စကားကြောင့် အရှင်ဟန်က ပွေ့ချီလာရခြင်းဖြစ်ပြီး ယခုအခြေအနေကို ရောက်နေခြင်း ဖြစ်သည်။
နာရီပိုင်းလောက်ကြာသည်အထိ အဆောင်ပြင်က ကြားနေရသည့် မိန်းကလေးရဲ့ အော်ကြွေးသံတွေ။
ငြိမ်ကျသွားသည့် အသံနဲ့ကြောင့် အဆောင်ထဲ ခြေလှမ်းနေသည့် အရှင့်ရှေ့ကို အထိန်းတော်ဂျင်တို့ သားအဖ ပိတ်ရပ်လိုက်ရသည်။
' ဝင်လို့မရကြောင်းပါ အရှင်.. ကျနော်မျိုးက ဝင်ခွင့်ပြုသည်အထိ စောင့်ဆိုင်းကြရအောင်ပါ။ '
ထိုအခါ အရှင့်မျက်နှာဟာ သက်ပြင်းတစ်ချချဖြင့် နှုတ်ခမ်းအောက်မှ မှဲ့နက်နက်လေး ပေါ်လာသည်အထိ အောက်နှုတ်ခမ်းကို ဖိကိုက်တော့သည်။
YOU ARE READING
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
