.14.

1.5K 244 28
                                    

Unicode

' နေမဝင်ခင် ပြန်ရပါမယ် သခင်မ။ '

အဖြူရောင် ပိတ်စကို ခေါင်းမှာ အုပ်ထားပြီး နန်းတော်တံခါး ပေါက်ကိုသာ ခပ်ဆွေးဆွေး ကြည့်နေသည့် ဆယ်ကိုရာ။

ဂျွန် သင်္ဘောပေါ် တက်သည်အထိ တစ်ချက်မှ လှည့်မကြည့်ခဲ့သည့် ဆယ်ကိုရာဟာ နော်ရိုရာအထိ လိုက်လာခဲ့သည်ကိုတော့ ဇမ်းကိုယ်တိုင်ပင် မယုံနိုင်။

သခင်မကြီးကို အသိမပေးဘဲ ထွက်လာခဲ့တာမို့ သခင်မကြီး မသိခင် ပြန်မှဖြစ်မည် ဒါကို ဆယ်ကိုရာ သိသည်။ သက်သက်မဲ့ အချိန်ဆွဲနေတာ။ ဇမ်းကတော့ ဂျွန်နဲ့ဆယ်ကိုရာကို ခစားရင်း ရူးချင်လာသည်။

ဂျွန်ကလည်း လုပ်ချင်ရာ လုပ်သလို ဆယ်ကိုရာဟာလည်း ဘာကိုမှ ဂရုမစိုက်တတ်။ သူမှန်တယ်ထင်ရင် သခင်မကြီးကိုတောင် အာခံရဲသည့် ဒမ်ဂါက ရှားပါးမိန်းကလေးပင်။

' ဇမ်း။ သူအဆင်ပြေမှာမလား။ '

' ဟုတ်ကဲ့ '

ဖြတ်ခနဲ လှည့်ကြည့်လာသည့် ဆယ်ကိုရာကို မော့ကြည့်မိချိန် စူးရှသည့် မျက်စောင်းက သူ့ဆီတည့်တည့်မတ်မတ်ပင်။

' မင်းကတော့လေ ဒီမှာစိတ်ပူလို့ သေတော့မှာကို သေချာမဖြေဘူး။ '

ကြောင်အမိပါရဲ့ နန်းတော်ထဲက ဂျွန်က အဆင်ပြေပြေ ရှိနေရဲ့လားဆိုတာ သူဘယ်လိုသိမည်လဲ။ အခြေအနေကလည်း အဆင်ပြေမည်တဲ့လား။ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဒီအချိန်ဆို သေချာပေါက် နှိပ်စက်ခံနေရလောက်ပြီ။

အဲ့လိုသာ ပြောလိုက်ရင်လည်း သေချာပေါက် ခေါင်းပြတ်မှာကို သိတာကြောင့် ဇမ်းငြိမ်နေလိုက်ရသည်။

....

' အရှင်။ ဒါက ကျနော့်အဆောင်လည်း မဟုတ်ဘူး ဒီကိုဘာလို့ ပြောင်းခိုင်းတာလဲ။ '

ပြတင်းပေါက်နားမှ ထိုင်ကာဖြင့် ပန်းလက်ဖက်ရည် လုပ်နေသည့် အရှင့်ခြေထောက်နားမှာ ထိုင်ကာ စကားတွေ တစ်တွတ်တွတ် ပြောနေသူ။

အရှင်ကတော့ အခုထိ သူ့ကို စိတ်ဆိုးမပြေသေးသည်ထင် ခပ်တည်တည် မျက်နှာထားဖြင့်သာ။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora