Unicode
' မလွှတ်တော့ဘူးလား.. '
မနက်စာ အတွက် လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော်ပေးမလို့ ရွယ်သော်လည်း မောင်ဟာ သူ့တစ်ကိုယ်လုံးကို ပေါင်ပေါ်မှာ ပွေ့တင်ထားသည်။ ခါးကိုလည်း ဖက်ထားတာမို့ သိပ်ပြီး လှုပ်ရှားလို့ မရ။
' အင်းး.. '
လက်ဖက်ရည် ဖော်စပ်ဖို့ အချိုခြောက် အမှုန့်မဲမဲတွေကို ဇကာနဲ့ တိုက်စစ်ပြီး ရေနွေးအိုးထဲကို ပြောင်းထည့်နေသည့် လက်ဖမိုးလေးတွေပေါ်မှာ ရေးရေးလေး ထင်နေသည့် သွေးကြောမျှင်လေးတွေ။ လက်ချောင်းတွေက ထိုသွေးကြောတွေကို ထိတွေ့မိတော့ အရှင်က လှည့်ကြည့်လာသည်။
အနည်းငယ် ခြောက်နေသည့် နှုတ်ခမ်းသားလေးကို မေးမှတစ်ဆင့် ဆွဲယူ ဖိနမ်းမိတော့ ရုန်းသည်။
' အင့်.. မောင် လူတွေ ရှိတယ်လေ။ '
အကာအရံ မရှိသည့် သစ်သားဇရပ်လေးထဲမှာ နမ်းလိုက်သည်မို့ ဆူငေါက်သံလေးကို ကြားလိုက်ရ၏။
' မောင်က ချစ်လို့ပါ '
ရုတ်တရက် အချစ်စကားတွေ လာပြောနေတော့ သူကပဲ နေရခက်ရသည်။ ရှေ့ကို ပြန်လှည့်ပြီး လက်ဖက်ရည်ကို အာရုံပြောင်းသော်လည်း မောင်က သူ့လက်တွေကို မထိတထိ ထိတွေ့ပြီး ဆော့နေပြန်သည်။
ဝတ်ရုံအောက်က လက်မောင်းတွေထိ မောင်က လက်ချောင်းတွေနဲ့ အသာအယာ ပွတ်ဆဲနေသည်။ လည်ပင်းနားကို ရိုက်ခတ်လာသည့် အာငွေ့နွေးနွေးနဲ့အတူ စိုစွတ်တဲ့ အထိအတွေ့လေး။
အသံမြည်အောင် စုပ်ယူလာသည့် နောက်မကြာ သူ့လည်ပင်းသားလေးက ရဲသွားတော့သည်။
' မောင့်ကို ကြည့်ပါအုန်း။ '
' မောင့်ကိုရှောင်နေတာလား.. '
စနောက်မိတော့ ရှက်နေသည့် အရှင့်ကို ခပ်တင်းတင်း ပွေ့ဖက်ထားပြီး သူ့မှာ ပျော်ရွှင်နေရပြန်သည်။
ဂုတ်ပေါ်က ဆံပင်စလေးတွေကိုလည်း ခပ်ဖွဖွ နမ်းရင်း ပြုံးရသည်။
' ကျေးဇူးပါပဲ။ မောင့်ဆီလာခဲ့ပေးလို့။ '
လှည့်ကြည့်လာသည့် မျက်လုံးလေးတွေက မဝံ့မရဲ။ ပြုံးပြမှ ပြန်ပြုံးပြပြီး သူ့ကို ပွေ့ဖက်လာသည်။
ВЫ ЧИТАЕТЕ
THE NAWROYA - နော်ရိုရာအရှင်
Любовные романыJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
