22.

1.4K 234 36
                                        

Unicode

သင်္ဘောပေါ် တက်သွားသည်အထိ အနောက်မှ လိုက်ကြည့်သည့် ဂျွန်။ မီးအိမ်နှင့်အတူ လင်းထိန်နေသည့် သင်္ဘောဟာ တရွေ့ရွေ့နှင့် ပင်လယ်ပြင်ဆီ ဦးတည်နေသည်။

သူကတော့ လှေဆိပ်မှာ ရပ်နေတုန်း။ မှိန်ပြပြ အရိပ် ပျောက်ကွယ်သည်အထိ လိုက်ကြည့်ရင်း လည်ပင်းပေါ်က ကြိုးလေးကို ယူကာ လော့ကတ်လေးကို တစ်ချက် နမ်းလိုက်သည်။

အဖြူရောင် အရိပ်လေး တစ်ခုက သူ့နားကိုပြေးလာသလို မြင်ယောင်နေမိပြီး နားထဲ အထပ်ထပ် ကြားယောင်မိသည့် ခေါ်သံတိုးတိုး။

"ဂျွန်။"

မျက်လုံးကို စုံမှိတ်ချလိုက်ကာပင် သက်ပြင်းချလိုက်မိသည်။ ကျနော့်ကို ခြောက်လန့်နေတာလား အရှင်။ မဆိုးဘဲ အရှင့်ခန္ဓာဆီကိုပဲ ပြန်သွားပေးပါ။ သေချာပေါက် အသက်ရှင်ရပါမယ်။

' သခင်။ ဆယ်ကိုရာက လိုက်ရှာနေပါတယ်။ '

အနောက်က ရောက်လာသည့် ဇမ်းအသံကိုကြားတော့ သက်ပြင်းချလိုက်မိသည်။ လွှတ်ပေးထားပါလို့ ဒီလောက်ပြောခဲ့တာကို။

' ဘာကိစ္စတဲ့လဲ '

' ကျနော်လည်းမသိပါဘူး။ သခင်။
ဂုဏ်ပြုပါတယ်။ သခင်လုပ်နိုင်ခဲ့တယ်။ '

ခြေတစ်လှမ်းဆုပ်ကာ နန်းတော်ကို ပြန်မည်လုပ်တော့ ဇမ်းရဲ့ဂုဏ်ပြုစကား။ တစ်ချက်ပြုံးရယ်လိုက်ရင်းသာ နန်းတော်ကို ပြန်ခဲ့သည်။ လမ်းတစ်လျှောက်မှာလည်း စစ်ဖြစ်နေသလိုပင် ပြေးတဲ့သူကပြေး ပုန်းတဲ့သူက ပုန်းနဲ့။

စိတ်ပျက်စရာပဲ။

' ငါရောက်ပြီ။ ဘာကိစ္စလဲ။ '

ညီလာခံဆီကို လျှောက်သွားလိုက်တော့ ဓားတစ်ချောင်းကို ကိုင်ထားလျက်ပင် စာလိပ်တွေကို ကြည့်နေသည့် ဆယ်ကိုရာ။

' ရောက်လာပြီလား။ သခင့်ကို ရှာရခက်လိုက်တာ။ '

သူ့ကိုမကြည့် စာလိပ်တစ်လိပ်ကိုသာ ကြည့်နေတာမို့ စိတ်မရှည်စွာပင် ပုလ္လင်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ကိုက်လာသည့် ခေါင်းကြောင့် လက်နှစ်ဖက်ကို နားထင်မှာ ဖိကာပင် ငြိမ်နေမိသည်။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now