.44.

1.3K 187 18
                                        

Unicode

မှတ်တမ်း.. မှတ်တမ်း..

ခပ်တိုးတိုး ရေရွတ်မိတော့ လူက ငိုင်လာသည်။ စက္ကူတွေမို့ ဆွေးမြေ့ပြီးများ မြေကြီးထဲ မြုပ်နေပြီလား...

မရည်ရွယ် မျက်လုံးတွေက ကောင်းကင်ကျယ်ကို မော့ကြည့်မိတော့ မဲမှောင်လို့။

"မိုးရွာတော့မှာလား"

ခြေလှမ်းတွေက အဆောင်ပြင်ကို ထွက်လာတော့ ရို့ကို မတွေ့ရ။ တံခါးပေါက်နား ရောက်သည့်တိုင် ဘယ်သူ့ကိုမှ မတွေ့ရတာမို့ အပြင်ကို ခိုးထွက်ဖို့ ခြေလှမ်းတွေကို သွက်လိုက်သည်။

ထူးထူးဆန်းဆန်းပင် တစ်ယောက်မှ မရှိတာမို့ နန်းတော်အနောက်ဖက် အပေါက်မှ ထွက်လာခဲ့သည်။

ရည်ရွယ်ချက် မရှိသော်လည်း ဒီတိုင်း အဆောင်ထဲမှာ နေရတာက ပျင်းစရာကောင်းလို့ပင်။ အရင်ကဆိုလည်း ဂျင့်လက်ထဲက ခိုးထွက်နေကြ မဟုတ်လား။

အဲ့အချိန်မှာပဲ မောင်နဲ့ တွေ့ခဲ့တာ။

ဈေးတန်းထဲကို တစ်လှမ်းချင်းဖြင့် လျှောက်လာပြီး အတော်ကြာမှ ဝတ်ထားသည့် အဝတ်ကို သတိရသည်။ ပုဝါလည်း မပါလာဘူး။

ဝတ်ရုံကလည်း ယောကျာ်းလေး ဝတ်မို့ အဆင်ပြေပါ့မလား စိုးရိမ်မိသည်။ နောက်မှ သူဟာ တစ်ခုခုကို သတိရပုံဖြင့် နဖူးပေါ်က ဆံပင်တွေကို လက်ဖြင့် သပ်ချပြီး မျက်လုံးတွေကို အုပ်လိုက်သည်။

ခပ်စူးစူး ဖြစ်နေသည့် မျက်လုံးတွေကို ပုတ်ခတ်ရင်းမှ ဒီလောက်ဆို ရပြီမို့ တစ်ချက်ပြုံးလိုက်ရင်း အိတ်ကပ်ထဲက အကြွေစေ့ တချို့ကို ထုတ်လိုက်သည်။

နေ့လည်စာလည်း မစားရသေးတာမို့ ဈေးတန်းထဲက မုန့်တွေကိုသာ တစ်မျိုးပြီး တစ်မျိုး လိုက်စားတော့မယ်လို့ တွေးလိုက်၏။ နော်ရိုရာက မုန့်တွေကို သူမစားရတာ ကြာပြီမဟုတ်လား။

' ဒေါ်ဒေါ်ကျန်တဲ့မုန့်ကို ထုတ်ပေးပါ။ '

ပူပူနွေးနွေး ပေါက်စီကို ပါးစပ်လေးထဲ ထိုးထည့်နေသည့် သူအနားကို ရောက်လာသည့် လူတွေ။ တွန့်ချိုးသွားသည့် မျက်ခုံးတန်းတန်းလေးတွေ။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now