Unicode
ဓာမီရုံးချုပ်ရှေ့မှာ ထိုင်စောင့်နေသည့် ဒါရုန်း။ သူမ နေ့တိုင်းပင် ဒီရုံးချုပ်ရှေ့မှာ သခင့်ကို လာစောင့်နေတတ်သည်။
အမြဲလိုလို ဓာမီရုံးချုပ်မှာ ရှိနေတတ်သည့် သခင်က အရှင် ပျောက်သွားသည့် နေ့ထဲက တစ်ပါတည်း ပျောက်သွားတာဖြစ်သည်။ အရှင့်ကို လိုက်ရှာမှ ဖြစ်မည်။ အခြား တာဝန်ရှိလူတွေကို အရှင် ပျောက်သွားပါတယ်လို့ သတင်းပေးလည်း ဘယ်သူမှ စိတ်မဝင်စားကြ။
သခင့်ကို ပြောမှ ဖြစ်မည်မို့ စောင့်နေသော်လည်း အရိပ်လေးတောင် ပေါ်မလာတော့။ တမင်ပဲ ထွက်မတွေ့သည်လား တွေးမိပြီး အတင်းရုံးထဲ တင်တော့ ကြိမ်ဒဏ်ပင် အပေးခံရပြန်သည်။
ထော့နဲ့ထော့နဲ့ဖြင့် ထိုင်ရာမှ အားယူထလိုက်တော့ ခပ်အေးအေး အသံ။
' မင်းက ဒါရုန်းမလား။ '
မော့ကြည့်တော့ သခင်မဖြစ်သည်။
' သခင်မ။ '
အရိုအသေ ပေးလိုက်တော့ သခင်မဟာ သူ့ကိုကြည့်ကာ သက်ပြင်းချသည်။
' အခု မင်းခစားရမယ့်သူက ထွက်သွားပြီဆိုတော့ မင်းလည်း ဒမ်ဂါကို ပြန်လာခဲ့တော့။ အရင် အလုပ်ကိုပဲ ပြန်ဝင်။ '
' ထွက်သွားတယ်။ ဘယ်သူကလဲ အရှင်က ထွက်မသွားပါဘူး။ အရင်တစ်ခါလို တောထဲမှာ လမ်းပျောက်နေတာနေမှာပါ။ '
သခင်မကိုတောင် ပြန်အာခံနေသည့် ဒါရုန်းကို ဗြောလေးကတော့ ရိုက်ပစ်ချင်ပေမဲ့ ဆယ်ကိုရာ မျက်နှာမှာတော့ ဘာခံစားချက်မှ ရှိမနေ။
' ဗြောလေး။ သူ့ကိုခေါ်သွားတော့ ရုံးချုပ်ရှေ့မှာ ရှိမနေစေနဲ့။ '
သခင်ကလည်း ချက်ချင်းဆိုသလို နော်ရိုရာကို ထွက်သွားတာမို့ ဓာမီက အလုပ်တွေကို ဦးစီးဖို့ ရောက်လာခြင်းဖြစ်သည်။
ဇမ်းဆိုတာကလည်း သူ့သခင် မရှိထဲက ပျောက်သွားသည်မှာ ဘယ်ရောက်နေမှန်းကို မသိတာမို့ အလုပ်အားလုံးက ဆယ်ကိုရာ့ ခေါင်းပေါ်မှာ ဖြစ်သည်။
....
ညနေခင်းလေး ဖြစ်ပြီး နေဝင်ချိန်မို့ အပူဓာတ်က လျော့လျော့လာချိန်ဖြစ်သည်။
YOU ARE READING
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
