.04.

1.9K 283 25
                                    

Unicode

' အရှင်။ ဒီကိုဘယ်လိုလုပ် '

ဂျွန်၏မျက်ဝန်းတွေဟာ ပြောသလောက်လည်း ထိပ်လန့်မသွား။ အနည်းငယ် ဝိုင်းစက်သွားရုံလောက်သာ။

' ဘာလို့အသိမပေးတာလဲ '

အရှင့်မျက်ခုံးတွေက တွန့်ချိုးနေသည်။ ဒေါသထွက်လို့တော့ မဟုတ်။ အရှင်က ဟန်ဆောင်နေခြင်းသာ။

သို့သော် ဝိုင်းစက်သည့် မျက်ဝန်းတွေနဲ့  ကြောင်တောင်တောင် ဂျွန့်ပုံစံလေးက အရှင့် နှုတ်ခမ်းတွေကို ကွေး‌ညွှတ်သွားစေသည်။

' အရှင့်ကို အသိပေးဖို့ လုပ်ပေမယ့် အရှင်က ကျနော်နားမှာ ရှိမနေဘူးလေ '

ဂျွန်က လည်သည်။
အဲ့တော့ သူက မှားသည်ပေါ့။

ထယ်ဟျောင်းဟာ အိတ်ကပ်လေးကို ကြည့်လိုက်ရင်း မေးငေါ့ပြလိုက်သည်။

' နိုင်သွားတော့ ပျော်ရဲ့လား '

ခုနထဲက သူ‌ကြည့်နေခဲ့တာ။ ဂျွန်က ကတ်ချသည်ကိုတော့ အတော်ပင် စိတ်ဝင်စားပုံ ပေါ်သလို ကျွမ်းကျင်ပုံလည်း ရသည်။ ပွဲတိုင်းလိုလို နိုင်နေတတ်ပြီး။ သူရှုံးတော့မယ်ဆိုလည်း သိနေသည့်ဟန် ကြေးကိုနည်းနည်းပဲ ထည့်တတ်သည်။

ဂျွန်က အတော့်ကိုလည်ပုံပင်။

မေးလိုက်တော့ ပြုံးနေသည်။

' ပျော်တာပေါ့။ ကျနော်က တော်တယ်မလား အရှင် '

အရှင့် မျက်နှာဟာ ဒီတစ်ခါမှာတော့ ပြုံးသွားသည်။

' ပြန်ရအောင် နောက်ကျနေပြီ။ '

' အရှင်ပဲ အရင်ပြန်နှင့်ပါ။ ကျနော်သွားစရာရှိသေးတယ် '

မိုးချုပ်နေပြီကို ဂျွန်က ဘယ်သွားအုန်းမည်လဲ။ အမှန်တော့ အရှင်ဟာ ပင်ပန်းလို့နေပြီ။ ဖြစ်နိုင်ရင် ဂျွန့်ရင်ခွင်ထဲမှာ ‌မှေးစက်ချင်နေပြီ။ သူ့ကိုယ်သင်းရနံ့လေးကိုလည်း အရှင်ဟာ လွမ်းဆွတ်နေပြီ။

' ဘယ်ကိုသွားမှာလဲ '

' ဒီပိုက်ဆံတွေကို ဖြုန်းပစ်ရမှာပေါ့ '

ပြုံးရွှင်နေသည့် ဂျွန့်မျက်နှာကို သူပထမဆုံးအနေနဲ့ မြင်ဖူးခြင်းပင်။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora