Unicode
' အားလုံးစီစဉ်ပြီးပါပြီ အရှင်။ ဝတ်စုံကလည်း အဆင်သင့်ပါပဲ။ '
ပုလ္လင်ပေါ်မှာ လှဲအိပ်နေသည့် အရှင်ဟာ အထိန်းတော်ဆီက စကားသံကို ကြားမှ ထလာကာ စားပွဲပေါ်က စာရွက်ကို ကြည့်လိုက်သည်။ နော်ရိုရာ တံဆိပ်မနှိပ်ရသေးသည့် စာလိပ်တစ်လိပ်။
' အရှင်။ '
စိုးရိမ်စိတ်နဲ့ ခေါ်လာသည့် အသံရဲ့အဆုံးက တုန်ရီနေသည်။
' ငါမတွေဝေဘူး။ သေချာစဉ်းစားပြီးပြီ။ အသက်နဲ့ရင်းပြီး သူ့ကိုချစ်နိုင်တယ်။ '
အရှင်ဟာ ဆုံးဖြတ်ချက် တစ်ခုနဲ့တင် တံဆိပ်တုံးကို ရိုက်နှိပ်လိုက်သည်။ စာရွက်ပါအကြောင်းအရာတွေဟာ များသော်လည်း အဓိက အကြောင်း တစ်ခုကတော့ ဂျွန့်ကို ဧကရာဇ်မြောက်ရန်ဖြစ်သည်။
နိုင်ငံကို အုပ်ချုပ်စေတာ မဟုတ်ပဲ အချစ်တော်ထပ် မြင့်တဲ့ လက်တွဲဖော်နေရာကို ထားချင်တာမို့ အရှင်ဟာ ဂျွန့်ကို ဧကရာဇ်ရာထူး ပေးလိုက်ခြင်းဖြစ်သည်။
ဂျွန်ကသာ အရှင့်ဧကရာဇ် ဖြစ်သွားရင် အန္တရာယ်ကင်းမည်လို့ပဲ အရှင်ဟာ တွေးသည်။ အရှင့်ခေါင်းထဲမှာ ကာကွယ်ပေးချင်သည့် စိတ်သာရှိသည်။ သူ့ဆီက ဂျွန့်ကို ပြန်ခေါ်သွားမှာ စိုးသည်။
ဒီကောင်လေးကို သူ့ရင်မှာသာ နေထိုင်စေချင်သည်။ ဒါကြောင့် အရှင်ဟာ ဒီဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
မနက်ဖြန်ဆို ပွဲစမည်။
နိုင်ငံပေါင်းများစွာကို ကြေငြာပြီးပြီမို့ ဒမ်ဂါကလည်း ဒီကိစ္စကို သိနှင့်နေလောက်ပြီ။ ဒီကိစ္စကို မသိတာဆိုလို့ သူ့ရဲ့ဧကရာဇ်သာ ဖြစ်မည်။နှစ်ရက်အတွင်း ဂျွန့်ကိုပစ်ထားကာ စီစဉ်စရာရှိတာတွေကို စီစဉ်သည်။ ဝတ်ရုံကိုလည်း လက်ချုပ်နဲ့ပဲ တစ်ရက်အတွင်း ပြီးအောင် လုပ်ရန် ဖိအားပေး ခိုင်းကာ ပွဲအတွက် အမှားအယွင်း မရှိအောင် အရှင်က စီစစ်သည်။
' ဒီစာလိပ်ကို အဲ့ကြအထိန်းတော်ကြီး ကိုယ်တိုင်ဖွင့်ဖတ်ပေးပါ။ '
အရေးကြီးသည့် ထိုစာလိပ်ကို အရှင်ဟာ အထိန်းတော်လက်ထဲ အပ်နှံသည်။ မျက်ရည်ဝဲကာဖြင့် စာလိပ်ကို ရင်ဝယ်ပိုက်လိုက်သည့် အထိန်းတော်ဂျင်။
YOU ARE READING
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]