.28.

1.4K 220 14
                                        

Unicode

' အဟွတ် ! အဟွတ် !! '

အဆက်မပြတ် ဆိုးနေသည့် ချောင်းသံကြောင့် ဂျွန်နိုးလာခဲ့သည်။

ဒါရုန်းက အရှင့်ဘေးက အခန်းလွတ်မှာ အိပ်ရာပြင်ပေးသည်။ အနီးနားက အသံမို့ ဒီချောင်းသံဟာ အရှင့်ဆီက အပြင်မရှိ။

ကိုယ်ပေါ်က စောင်ကို ဖယ်လိုက်ကာ တံခါးကို တွန်းဖွင့်လိုက်တော့ အလုအယက် တိုးဝင်လာသည့် လေအေးတွေကြောင့် ဂျွန် မျက်မှောင်ကျုံ့မိသည်။

ညတိုင်းပဲ ဒီလိုအေးတာလား။

နှင်းမိုးတွေက တဖွဲဖွဲ ရွာနေဆဲ။

' ဒါရုန်းလား။ ရေယူခဲ့ပေး။ အဟွတ်! '

ခြေသံကြားတော့ ဒါရုန်းအထင်နဲ့ သူ့ကို ရေတောင်းနေတာ။ ဈေးတန်းက ငှက်သိုက်မုန့်ကြောင့် ချောင်းဆိုးတာဖြစ်မည်လို့ တွေးမိတော့ ကျွေးမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပင် စိတ်ပျက်သွားမိသည်။

မီးဖိုချောင်နဲ့တူသည့် သစ်သားအိမ်လေးထဲ သွားကာ ရေနွေးပူပူကို ရှာလိုက်သည်။ တည်ပြီးသား ရေနွေးတွေဟာ ကြာပြီမို့ အနွေးဓာတ်မရှိတော့။ ဘေးမှာရှိသည့် ရေကျက်အေးကိုသာ ယူလိုက်သည်။

တံခါးကို ခေါက်လိုက်တော့ ဝင်လာခဲ့တဲ့။ တံခါးကို လေအေးတွေ မဝင်အောင် အမြန်ဖွင့် အမြန်ဝင်လိုက်တော့ စောင်ပုံထဲက အရှင်က မျက်မှောင်ကျုံ့တော့သည်။

' မင်းပဲလား။ '

သူ့ကိုမြင်တော့ ရေခွက်ကို လက်လှမ်းနေသည့် လက်တွေက ရပ်တန့်သွားသည်။

သူ့အပြင် ဘယ်သူရှိမှာလဲ။ ညဉ့်နက်သန်းခေါင်ကြီး ဘယ်သူက နိုးမှာလဲ။

' ရေဆို။ သောက်လိုက်ပါ။ '

' ထားခဲ့ပြီး သွားတော့။ '

ပြောရခက်သည်။ ချောင်းက မနားတမ်း ဆိုးနေတာကို မသောက်ဘဲ ပေကပ်ကပ် လုပ်နေသည်။

' ဒီလောက်ဆိုးနေတာ သောက်လိုက်ပါ။ '

မသောက်ပေ။

မျက်နှာကို တစ်ဖက်လွှဲကာဖြင့် ဂျွန့်ကို မကြည့်သည့် အရှင်။

ဒါကိုပင် စိတ်ရှည်ရှည်နဲ့ ဂျွန်ဟာ ကြွေခွက်ထဲ ရေငှဲ့ပေးကာဖြင့် လက်ထဲ ထည့်ပေးတော့ မယူဘဲ ရှောင်ထွက်သွားသည်။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now