.11.

1.5K 233 11
                                    

Unicode

' ကြောက်တယ်။ '

တိတ်ဆိတ်နေသည် အချိန်မှာ ထွက်ပေါ်လာသည့် အရှင့် အသံဩဩ။ ငုံ့ကြည့်လိုက်တော့ မအိပ်သေးတာပဲ။

' ကျနော်ရှိနေတယ်လေ။ '

တစ်ချက်ပြုံးရင်း ဂျွန်ဟာ အရှင့် နဖူးကို ငုံ့နမ်းမယ်ရွယ်တော့ ရှောင်ဖယ်ရင်း ထထိုင်လာသည့် အရှင်။

ငေးကြည့်နေမိတော့ ပါးပြင်တွေကို အုပ်ကိုင်ရင်း ဆိုလာသည်က မင်းရှိနေတာမို့ ပိုကြောက်တယ် တဲ့။

အရှင်ဟာ ဝိုင်းစက်စက် မျက်လုံးတွေကို ငေးရင်း ပြုံးသည်။ ဂျွန်ဆိုတာ တစ်ခါတစ်လေ သူစကားတွေကိုသာ နားထောင်နေတယ် နားလည်ပုံမရ။ အဲ့လိုအချိန်လေးတွေကပဲ သိပ်ကို ချစ်ဖို့ကောင်းနေပြန်သည်။

ပါးလျသည့် နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်တော့..

' ကျနော်ထွက်သွားရမလား အရှင်။ '

ဂျွန်ဟာ ဘယ်လိုများ တွေးပြီးပြောလိုက်သည်လဲ..

ထိုအခါကြတော့လည်း ခေါင်းခါပြန်သည့် အရှင်ဟာ ဘာကိုဆိုလိုနေသည်လဲ သူနားမလည်တော့။

' နောက်တစ်ခါ အဲ့လိုပြောရင် ပြောတဲ့နှုတ်ခမ်းကို ကိုက်ဖဲ့ပစ်မှာ '

ရယ်သည့်ဂျွန်က ဒါကိုတော့ နားလည်သည်။

' ဘယ်လိုကိုက်ဖဲ့ပစ်မှာလဲ ဒီနှုတ်ခမ်းလေးနဲ့လား.. '

ခါးလေးကို ဖက်လိုက်ပြီး ချယ်ရီရောင် ပြေးနေသည့် နှုတ်ခမ်းလေးကို လက်မဖြင့် ပွတ်ဆွဲကာ ပြောတော့ ငြိမ်နေလေရဲ့။

' ဘာလို့အိပ်ပျော်အောင် မအိပ်ဘဲ လျှောက်စဉ်းစားနေတာလဲ '

' ဒီတိုင်း '

ပါးလေးတစ်ဖက်က သူ့ရင်ဘတ်ပေါ်မှာ

' ဒီတိုင်းဘာဖြစ်တာလဲ.. '

စကားထောက်ပေးတော့

' ဒီတိုင်း။ '

မျက်လုံးလေးတွေကို ပုတ်ခတ်ရင်း ပြောလေတော့ ပြုံးရယ်ကာပင် အရှင့် နဖူးလေးကို တစ်ချက်နမ်းလိုက်သည်။ အရှင်က မဖြေချင်တာကို သိသည်မို့ သူဆက်မမေးဖြစ်တော့။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now