နော်ရိုရာ။
ဆူညံ့သံ ပေါင်းစုံနေသည့် ညီလာခံ တစ်ရပ်ကို အဝါရောင်ဝတ်ရုံ၊ အသက်ကြီးကြီး အမတ်များဖြင့် ကျင်းပသည်။ နားထဲ ဝင်လာသည့် စကားသံ တစ်စွန်းတစ်စဟာ စိတ်ဝင်စားဖို့တော့ မကောင်း။ ကပေါက်ကရောက်နှင့် နားညည်းစရာ ဖြစ်သည်။ မျက်လုံးတွေက ရှေ့ကိုကြည့်လိုက်တော့ အပုံလိုက်ရှိနေသည့် စာလိပ်တွေ။
ဘာလို့များ ဒီလောက်တင်ပြစရာတွေ ပေါနေတာလဲ..။
အညိုရောင် စာလိပ် တစ်လိပ်ကို ကောက်ယူရင်း ခေါင်းကို တစ်ချက် ကုတ်လိုက်သည်။ ပျင်းရိစွာပင် တစ်ချက် သမ်းဝေလိုက်ပြီး ပုလ္လင်ပေါ် လှဲအိပ်လိုက်သည်။ လူနှစ်ယောက်လောက် ကောင်းကောင်း ထိုင်လို့ရသည့် ထိုပုလ္လင်ဟာ ထယ်ဟျောင်းလို သွယ်လျလျ ကိုယ်လေးအတွက်ဆို လှဲလို့ရသည် အထိပင် ကျယ်ပါသည်။ ခြေထောက်တစ်ဖက်က နောက်ခြေထောက် တစ်ဖက်ပေါ် ချိတ်တင်ကာ သက်သောင့်သက်သာပင် လှဲနေသည့် အရှင်ထယ်ဟျောင်း။
အမတ်တွေ စကားများရင် တော်ရုံမပြီးတာကို သူသိသည်။ အရေးကြီး အကြောင်းအရာ တစ်ခုကို ဆွေးနွေးနေတာ မဟုတ်သည်မို့ သူအေးဆေးနေခြင်း ဖြစ်သည်။ အမတ်တွေ ဘယ်လောက်ပြောပြော သူကတော့ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ကြင်ယာတော်အဖြစ် တင်မြောက်မည် မဟုတ်။ သူ ဘယ်သူ့ကိုမှ မချစ်ပါ။ သူ့ကိုယ်သူသာ အချစ်ဆုံး ဖြစ်သည်။
' အရှင်.. ဒီလိုလှဲနေလို့ မသင့်ပါဘူး။ '
အသံလာရာ ခြေရင်းကို ကြည့်လိုက်တော့ အဖြူရောင် ဝတ်ရုံနှင့် အထိန်းတော်ဂျင်။ ဆက်ပြီး အိပ်မနေချင်တော့တာကြောင့် ထထိုင်ကာပင် အထိန်းတော်ဂျင်ကို မျက်လုံးဝိုင်းတွေနဲ့ ကြည့်လိုက်သည်။
' ငါတို့အပြင်သွားရအောင် '
ညီလာခံတောင် မပြီးသေး အပြင်သွားဖို့ ပြောနေသည့် ဒီအရှင်ကြောင့် ဂျင်သက်ပြင်း ချလိုက်မိသည်။ အရှင်ဟာ ရှင်းပြလည်း နားထောင်တတ်သည့် သူမျိုးမဟုတ်။ သူလုပ်ချင်ရာ လုပ်မည့် သူမျိုးသာ။
' အရှင်။ ညီလာခံ မပြီးသေး- '
စကားတောင် မဆုံးသေး ပုလ္လင်ပေါ်က ထကာဖြင့် လှေကားငယ်ကနေ အောက်ဘက်ကို ဆင်းသွားသည့် ထယ်ဟျောင်း။ တအုန်းအုန်း ဖြစ်နေသည့် အမတ်တွေဟာ အရှင့်ခြေသံကြားမှ အရှင်ဆိုကာ အရိုအသေ ပေးတော့သည်။
![](https://img.wattpad.com/cover/285399583-288-k405901.jpg)
YOU ARE READING
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]