မူးချင်ယောင် ဆောင်ရင်း မူးသွားချင်သည့်အခိုက်နဲ့ ရူးချင်ယောင် ဆောင်ရင်း ရူးသွားချင်သည့်အခိုက် ကျနော့်မှာ ရှိခဲ့သည်။
" ချစ်ခြင်းလို့ ပြောတဲ့အခါ လူနှစ်မျိုးရှိတယ်။ ပထမတစ်မျိုး ဖေဖေ့လို လူမျိုးနဲ့ ဒုတိယ တစ်မျိုးက မေမေ့လို လူမျိုး။ သားက ဘယ်တစ်မျိုး ဖြစ်မလဲ။ "
ခက်တဲ့ ဥပမာတွေနဲ့ ပြောမယ့်အစား ရင်ထဲက အတိုင်းပြောမိတော့ ဝိုင်းစက်နေသည့် မျက်လုံးတွေနဲ့ ကလေးငယ်က ခေါင်းလေးကို တစ်ချက် ငဲ့ကာ စဉ်းစားပြီး။
" ကျနော်ကတော့ ပထမတစ်မျိုးဖြစ်မယ် ဖေဖေ။ "
အဖြူရောင် စက္ကူကြီးပေါ်မှာ ပုံ့ပုံ့ကလေး ထိုင်နေသည့် ကလေးငယ်ကို ကဗျာစာအုပ်ကြီး ဖွင့်ကာ ဖတ်ပြနေသည့် နော်ရိုရာ၏ ရှင်ဘုရင်။
ဦးခေါင်းမှာ ဆောင်းထားသည့် ခေါင်းဆောင်းတော်ကို ဘေးချကာ သားတော်နည်းတူ ထိုင်နေသည့် အရှင်။
ဆေးရောင်စုံဖြင့် ပေပွနေသည့် လက်သေးသေးလေးတွေကို ကြည့်ပြီး ဆူပူခြင်း မပြု အားရစွာပင် ပြုံးရယ်နေလေသူ။
' ကလေးရယ်။ မင်းပန်းချီက စက္ကူပေါ်လား လက်ပေါ်လားကွယ်။ '
ရယ်သံနဲ့အတူပြောတော့ ကလေးငယ်လေးဟာလည်း လေးထောင့်ဆန်အပြုံးလေးနဲ့ တစ်ခ်ခ် ရယ်သည်။
' ဖေဖေ့ကိုပြောပါအုန်း။ ဘာလို့ပထမတစ်မျိုးလဲ။ '
ကိုယ်လုံးလုံးလေးကို ပေါင်ပေါ် ပွေ့တင်တော့ လက်သေးသေးလေးတွေဆီက မှင်တွေဟာ နဂါးဝတ်ရုံကို စွန်းပေကုန်သည်။ သို့သော် ဂရုမပြု သားတော်လေး၏ ပါးဖောင်းဖောင်းလေးကို ဖိနမ်းရင်း မေးသည်။
မျက်လုံးလှလှလေးတွေက သူမ ပြောဖူးသလို "ဒီတိုင်း" လို့ ထပ်တူကျအောင် ပြောတတ်ပြန်သည်။ ဆက်ပြောသေးသည်။
"ဖေဖေနဲ့တူချင်လို့" တဲ့လေ။ ဒီစကားလေးဟာတော့ နော်ရိုရာရဲ့ဘုရင်ကို မင်းသားငယ်ဟာ ရူးအောင်လုပ်လိုက်သလိုပါပဲ။
သူက တဟားဟား ရယ်တော့ ဘုမသိဘမသိ လိုက်ရယ်သည့် ကလေးငယ်။
သူမ ဝမ်းနဲ့လွယ်သည့် ကလေးငယ်ဆိုတာ မယုံစရာ မရှိလေရာ ကလေးငယ်ဟာ သူမခြေရာကို တစ်ထပ်ထဲ လိုက်နင်းသည်။
BẠN ĐANG ĐỌC
THE NAWROYA - နော်ရိုရာအရှင်
Lãng mạnJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]
