.09.

1.5K 247 19
                                    

Unicode

ကြာကန်လည်မှ ရေပေါ်သစ်သားဆောင်လေးပေါ်မှာသာ တစ်နေကုန် ထိုင်နေသည့် အရှင်။ သစ်သားဆောင်ပေါ်က ယုန်ပေါက်လေးဟာလည်း ဟိုဟိုဒီဒီ ပြေးလွှားလိုက် အရှင့်ပေါင်ပေါ် တက်ကစားလိုက်ဖြင့် ချစ်စရာကောင်းလို့နေသည်။

သစ်သား ဘောင်တန်းလေးပေါ် မေးလေးတင်ကာဖြင့် ကန်ထဲမှ ကြာတွေကို လက်ဖြင့် လှမ်းထိနေသည့် အရှင်။

မိုးတောင် ချုပ်နေပြီကို အခုထိ ပြန်မလာသေးဘူး။ ဗိုက်ဆာလာပြီကို..

သူထွက်သွားတည်းက အရှင်က နေ့လည်စာတောင် မစားသေး။ သူပြန်လာမှ စားမယ်လို့ ဆုံးဖြတ်ထားပုံဖြင့် သစ်သားဆောင်လေးပေါ်မှာသာ ထိုင်နေလေရဲ့။

' အရှင်။ ညစာအတွက် စားပွဲပြင်ဆင်ပြီးပါပြီ။ '

အနားက အသံကို လစ်လျူရှုကာဖြင့် သူထိုအတိုင်းသာ ထိုင်နေမိသည်။

ဒီအတိုင်းဆို သူအိပ်မှပြန်လာမှာလား..

တစ်ချက် မျက်နှာကို မဲ့လိုက်ရင်း အနောက်ကိုလှည့်လိုက်တော့ သူ့ဆီကိုလာနေသည့် အဝေးမှ အရိပ်နက်နက်။ ငေးကြည့်နေပြီး သိပ်မကြာ ကြည်လင်လာသည့် အမြင်ကြောင့် သိလိုက်သည်။

' အရှင်။ '

သူ့မျက်လုံးတွေက ကြည်လင်လို့ နှုတ်ခမ်းတွေဟာ ပြုံးရယ်နေသည်။ အရမ်းပျော်ခဲ့ရပုံပဲ။

ဂရုမစိုက်သည့်ဟန်ဖြင့် ဘေးနားက ယုန်လေးကိုသာ ပေါင်ပေါ် ကောက်ပွေ့ထားမိသည်။

' ကျနော့်ကို စကားမပြောတော့ဘူးလား။ အရှင် မအိပ်ခင် အပြေးပြန်လာခဲ့တာ။ '

သူဟာ စကားကိုတော့ ကောင်းကောင်း ပြောတတ်သည်။

ယုန်ပေါက်ကိုသာ အရေးလုပ်သည်။ သူ့ကိုအရေးမလုပ်။ ပုံ့ပုံ့လေး ထိုင်ကာဖြင့် သူ့ကိုစကားပြန်မပြောသည့် အရှင့်ကိုယ်လေးကို ကောက်ပွေ့လိုက်တော့

' ပြန်ချပေး။ '

ရင်ခွင်ထဲက ယုန်လေးကိုတော့ ပြုတ်ကျမှ စိုးသည်ထင် တင်းတင်းလေး ပွေ့ထားလေရဲ့။

' အိပ်ဆောင်ကိုပြန်မှာမဟုတ်လား။ '

' ပြန်ချပေး။ မင်းနဲ့လမ်းပဲ လျှောက်ချင်တာ။ '

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora