.13.

1.4K 250 16
                                    

Unicode

' ဘာလို့လဲ သခင်။ ဘယ်သူ့ကို ငဲ့နေတာလဲ။ '

' သွေးစွန်းတာထပ် အရှင့်တစ်ယောက်ကိုပဲ ထိန်းချုပ်လိုက်ရင် ဖြစ်တယ်။ မလိုအပ်ပဲ အင်အားတွေကို မဖြုန်းနဲ့။ မဟုတ်ရင် မနိုင်ဘူးဆိုတာ ငါပြောရဲတယ်။ '

ဂျွန့်စကားကို ဆယ်ကိုရာဟာ သေချာစဉ်းစားရင်းမှ ဆုံးဖြတ်ချက် တစ်ခုချသည်။ သို့သော် မပြောသေး။ ဂျွန့်ဘက်က အစီအစဉ်ကို အရင် သိရမှဖြစ်မည်။

' အဲ့တော့ ဘယ်လိုဆက်လုပ်မှာလဲ '

ခပ်အေးအေးပင် ထိုင်ခုံဆီ ပြန်သွားရင်း နောက်ဆက်မဲ့ ပုံအတွက် မှင်ကို သွေးနေသည်။ လုံလောက်တဲ့ မှင်ရေ ရလာသည်အထိ ဂျွန့်ထံမှ ပြန်သံထွက်မလာ။

စုတ်တံကို ယူကာ မှင်နဲ့ လှိမ့်ရင်းမှ စောင့်ဆိုင်းမိတော့

' နော်ရိုရာကို ပြန်ဝင်မယ်။ '

ဘယ်လို။ သခင်က အခု ဘယ်လိုစကားကို ပြောလိုက်တာ။

' မဖြစ်နိုင်တာ။ သခင့်ကို ရှင်းပစ်ကြရင် ဘယ်လိုလုပ်မလဲ။ '

' အရှင်တစ်ယောက်လုံး ရှိပါတယ်။ '

အရှင်တဲ့လား..

' ဒမ်ဂါရှိနေတာပဲလို့ ပြောမယ်ထင်နေတာ အင်းပေါ့လေ မေတ္တာ တရားတွေဆိုတာ ဒမ်ဂါမှာမှ မရှိဘဲ။ '

ဂျွန်ဟာ သူမ စကားကို တစ်ချက် ပြုံးရယ်သည်။ သူအခုကြားနေရတဲ့ စကားတွေက ဆယ်ကိုရာ့ နှုတ်မှ ထွက်လာတာရော ဟုတ်ရဲ့လား။

' မင်းကဘာကိုစိုးရိမ်နေတာလဲ ဆယ်ကိုရာ။ '

' တကယ် မသိတာပါလား။ သခင်က ဆယ်ကိုရာ့အမျိုးသားပါ။ ဒမ်ဂါရဲ့သခင်က တစ်ဖက်နိုင်ငံက ဘုရင်နဲ့ ဖောက်ပြန်နေရတယ် ဆိုတဲ့ အသိက ဆယ်ကိုရာ့ကို ထိခိုက်စေပါတယ်။ '

' ဘယ်လိုမျိုး ထိခိုက်တာလဲ '

ခပ်ရွဲ့ရွဲ့ပင် ပြန်မေးတော့

' မာနကို တမင်ချိုးနေသလိုပါပဲ။ '

ထိုအခါမှာတော့ ဂျွန့်မျက်နှာဟာ နှစ်ခြိုက်စွာ ပြုံးသွားလျက်။ ဆယ်ကိုရာ့ကို ငေးကြည့်လေသည်။

THE NAWROYA - နော်ရိုရာအရှင်Where stories live. Discover now