Unicode
တစ်ယောက်တစ်ပေါက်နဲ့ ဆူညံ့နေတဲ့ အစည်းအဝေးခန်းထဲ ဂျွန်ကတော့ စားပွဲကိုသာ လက်ချောင်းတွေဖြင့် တဒေါက်ဒေါက် ခေါက်နေသည်။
ပြန်ရောက်ရောက်ခြင်း ခေါ်လိုက်တဲ့ အစည်းအဝေးခန်းမှာ သူ့ကို ဂရုမစိုက် သေမှာကြောက်ပြီး တစ်ယောက်တစ်ပေါက် ပြောနေတဲ့ သူတွေကို ကြည့်ပြီး စိတ်ကို အတော်ထိန်းနေရသည်။
ဒုန်းခနဲ ဖွင့်ဝင်လာတဲ့ ဒမ်ဂါတပ်ဖွဲ့ ခေါင်းဆောင်။
" ဒမ်ဂါမြို့ခွဲက သိုလှောင်ရုံ မီးလောင်နေပါပြီ !! "
ဆယ်ကိုရာကတော့ မျက်မှောင်ကျုံ့ရင်း သူ့ကို လှည့်ကြည့်လာသည်။ ခုနကထပ် ရုတ်ရုတ်" ဖြစ်သွားတဲ့ လူတွေက နေရာမှာတောင် အတည်တကျ မရှိတော့။
' ဒီမှာ ! သခင်။ ဒီတိုင်းပဲ ထိုင်နေတော့မှာလား ဟိုကောင်တွေကို မြန်မြန် တိုက်မှရမှာလေ ! '
လေသံမာမာနဲ့ အသံကြောင့် ဆယ်ကိုရာ ထိုလူကို တစ်ချက် မော့ကြည့်လိုက်သည်။
ဒီလူ ရိုင်းစိုင်းပြနေတာ မဟုတ်လား။
' မင်းပြန်ထိုင်နေတာကောင်းမယ် '
ဆယ်ကိုရာ့ထံက ခပ်အေးအေး အသံကြောင့် ထိုလူက စိတ်ထိန်းကာဖြင့် နေရာမှာ ထိုင်သည်။
ရယ်စရာပဲ။
' အဲ့လောက်သေမှာ ကြောက်လား၊ တစ်ခုခုဆို ကြောက်ဖို့ပဲ သိတာလား ! တောက်စ် !! '
စားပွဲကို လက်သီးနဲ့ ထိုးချလိုက်သည့် အသံက ဒုန်းခနဲ။ ထင်းနေသည့် မေးရိုးတွေနဲ့ သူက သိပ်ကို စိတ်တိုနေသည်။
ငြိမ်ကျသွားသည့် အခန်းထဲမှာ သခင့် အသက်ရှူသံက အတိုင်းသား ကြားနေရသည်။ ဘာကိုမှ ဝင်မပါတတ်သည့် သခင်က နော်ရိုရာကို တာဝန်ကျထဲက ဒမ်ဂါကို ဆယ်ကိုရာကသာ အဓိက အုပ်ချုပ်နေတာဖြစ်သည်။
အခုလို ကိစ္စကြီး ဖြစ်မှသာ ဝင်ကူလာသည့် သခင့်ကို ထိုလူတွေက ပိုရှိန်သွားကြသည်။
ထိစပ်လုမတတ် မျက်ခုံး နှစ်ဖက် ပြေလျော့သွားဖို့ကိုသာ သူတို့ အလိုရှိနေသည်။
' အပြင်မှာ ဘယ်သူရှိလဲ '
သခင့်ထံမှ ခပ်အေးအေး အသံ။ အစောင့်တစ်ယောက်က အရိုအသေပေးလာတော့ အနားက အစောင့်တွေကို အဝေးလွှတ်သည့် သခင်။
![](https://img.wattpad.com/cover/285399583-288-k405901.jpg)
YOU ARE READING
THE NAWROYA - နော်ရိုရာအရှင်
RomanceJEON JUNG KOOK X KIM TAE HYUNG Start Date - [ 5 October 2021 ] End Date - [ 21 May 2022 ]