.02.

2.8K 383 25
                                        

တတိယနေ့။

သေသပ်နေသည့် အိပ်ယာကို ကြည့်ရင်း ခါးထောက်ကာပင် သက်ပြင်း ချလိုက်မိသည့် အထိန်းတော်ဂျင်။ အရှင်ဟာ သူ့ကိုမခေါ်ဘဲ အပြင်ကို ထပ်ထွက်သွားပြန်သည်။ ပွင့်နေသည့် အနောက် တံခါးပေါက်ကို ကြည့်ပြီး မျက်ရိုးကိုသာ နှိပ်နယ်မိတော့သည်။

လူမရှိသည့် အခန်းထဲမှ ထွက်လာကာဖြင့် တံခါးကို ပြန်စိရင်း။

' အရှင်က ဖျားနေတယ်။ သေချာ အနားယူဖို့ လိုတယ်။ အဲ့အတွက် တစ်ယောက်မှ အရှင့်ကို သွားမနှောက်ယှက်ကြနဲ့။ '

အပျိုတော်တွေကို ခပ်တည်တည် မျက်‌နှာဘေးနဲ့ ပြောလိုက်သည့် အထိန်းတော်ဂျင့် စကားကို အားလုံးဟာ ဦးညွှတ်ပြီး ထွက်သွားကြသည်။ ထိုအခါမှ ခေါင်းတစ်ခါခါဖြင့် စီစဉ်စရာ ရှိတာကို စီစဉ်ဖို့ လုပ်ရတော့သည်။ အရှင် အပြင်ကို ခဏခဏ ထွက်နေတာက အန္တရာယ်များသည်။ ဒါကို အရှင်ဟာ ဂရုမစိုက်။ ဘယ်လောက်ပဲ နိုင်ငံရဲ့ ဘုရင်ဆိုသော်လည်း တစ်ယောက်ထဲတော့ မသွားသင့်ဘူးမလား။

....

ခရမ်းနုရောင် ဝတ်စုံလေးနဲ့ အရှင်။ နဖူးပေါ်မှာ စီးထားသည့် ပိုးထည်စလေး ခရမ်းလေးဟာ အရှင်နဲ့လိုက်သည်။ တွေ့နေကြ နေရာလေးကို သွားလိုက်တော့ တောင်ပေါ်က ကျောက်ဆောင်ပေါ်မှာ ခြေထောက်နှစ်ဖက်ကို ဆင်းလျက် ထိုင်နေသည့် ဂျွန်။

အမြန်ပင် ပုခုံးကနေ ဆွဲလိုက်တော့ ဂျွန်က လန့်သွားဟန်ပင်။ တောင်စွန်းပေါ်မှာ တက်ထိုင်နေတာကို တွေ့လိုက်ရလို့ စိုးရိမ်စိတ်နဲ့ လှမ်းဆွဲလိုက်ပေမဲ့ သူကသာ ခြေချော်သွားရသည်။

' ဖြေးဖြေးလာမှပေါ့ သခင်လေးရဲ့ '

ရင်ထိပ်စရာပင် ဂျွန်က သူ့ကိုသာ မဆွဲလိုက်ရင် တောင်အောက်က ချောက်ထဲကို ကျနေလောက်ပြီ။ ဂျွန့်ကို ပြုတ်ကျမှာ စိုးရိမ်လို့ ဆွဲလိုက်ပေမယ့် ဂျွန်ကတော့ ကြောက်သည့်ပုံမပေါ်။

' နောက်ကို ဒီမှာ မထိုင်နဲ့။ အောက်ကိုပြုတ်ကျသွားလိမ့်မယ်။ '

အရှင်ဟာ ထိုသို့ပြောရင်း ဂျွန့်လက်ကို ဆွဲသွားကာ ခပ်လှမ်းလှမ်းက ကျောက်ဆောင်ပေါ်မှာ ဝင်ထိုင်စေသည်။

THE NAWROYA - နော်ရိုရာအရှင်Место, где живут истории. Откройте их для себя