.06.

2K 278 22
                                        

Unicode

ကြိမ်ခြင်းလေးကို လက်နှစ်ဖက်ဖြင့် သယ်လာသည့် အရှင်။ မုန့်တချို့ကိုလည်း ‌လမ်းလျှောက်လျက်နှင့်ပင် တမြုံ့မြုံ့ ဝါးလို့စားနေလေရဲ့။

အနည်းငယ် ရှည်နေသည့် ဝတ်ရုံ အဖြူလေးက မြေပြင်နဲ့ ထိလုနီးနီးပင်။

' ဟင်.. သူပါလား '

စာကြည့်ဆောင်နားမှာ တွေ့လိုက်ရသည့် ဂျွန်။ စားလက်စ ဆန်မုန့်အချိုကို ပါးစပ်သေးသေးလေးထဲ ထိုးထည့်လိုက်ရင်း ပလုတ်ပလောင်းဖြင့် ဂျွန့်နားကို ပြေးသွားလိုက်သည်။

အထိန်းတော်ဂျင်သာ မြင်ရင် နိုင်ငံရဲ့ဘုရင် ဆိုတာ အခုလို မပြေးရဘူးဆိုပြီး အဆူခံ ထိပေအုန်းမည်။

' ဂျွန် ! '

ကျောပေးထားသည့် ဂျွန့်နောက်ကို သွားကာ‌ခေါ်လိုက်တော့ သူ့ဘက်ကို လှည့်လာသည့် ဂျွန်။ ဝိုင်းစက်သွားသည့် ဂျွန့်မျက်လုံးတွေက သူရုတ်တရက် ခေါ်လိုက်တာမို့ လန့်သွားတာဖြစ်မည်။

လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် ဂျွန့်ကြောင့် အရှင်ဟာ မျက်ခုံးနှစ်ဖက်ကို ကျုံ့ပစ်လိုက်သည်။

' ဘာဝှက်ထားတာလဲ '

' မပြောပြဘူး '

ခေါင်းကိုငုံ့ကာ ခပ်တိုးတိုး ရေရွတ်သည့် ဂျွန်။ အရှင်ဟာ ဝှက်ထားသည့် ဂျွန့်လက်ကို ဆွဲကြည့်လိုက်တော့ နီရဲနေသည့် နှင်းဆီ တစ်ပွင့်။

' ဒါကဘာလဲ '

မဖြေပြန်ဘူး။

' မေးနေတယ်လေ ဂျွန်။ '

အရှင့်ထံက ခပ်မာမာ လေသံ‌ကိုကြားမှ ဂျွန်ဟာ မျက်နှာမော့လာသည်။

' ဥယျာဉ်ထဲမှာ ပွင့်နေလို့ ခူးလာတာ..
ဒီနှင်းဆီက အရှင့်အတွက် '

ပြုံးသွားသည့် အရှင်။

' ငါ့အတွက် ? အဲ့ပန်းကိုဘာလုပ်ရမှာလဲ '

' အရှင်နဲ့တူလို့ '

အရှင့်မျက်နှာဟာ ပြုံးနေ၏။ ‌သို့သော် ပျော်ရွှင်ခြင်းမည်သည့် အပိုင်းအစလေးကိုတော့ မမြင်ရ။

ဖယောင်းလို ချောမွတ်ကာ သွယ်လျသည့် အရှင့် လက်ချောင်းတွေဟာ နီရဲရဲ နှင်းဆီပွင့်ဆီ ကမ်းလာသည်။

THE NAWROYA - နော်ရိုရာအရှင်Donde viven las historias. Descúbrelo ahora