.20.

1.6K 225 21
                                        

Unicode

တစ်လခန့်ကြာသော်..

နော်ဘီဆောင်ဘေးနားမှာ ခိုးကြောင်ခိုးဝှက်ဖြင့် ပြတင်းပေါက်ကို ကျော်ဝင်ဖို့လုပ်နေသည့် ဂျွန်။ ဒီနေ့ သူအရှင့်ကို ခွင့်မတောင်းဘဲ နန်းပြင်ကို ခိုးထွက်ခဲ့တာ။

အသိပေးပြီး ထွက်ရင်ရပေမယ့် အရှင်စိတ်ပူအောင် တမင်လုပ်ခြင်းဖြစ်သည်။ သရေစာ မုန့်တချို့ကို အင်္ကျီအိတ်ထဲ ထည့်ကာဖြင့် ပြတင်းပေါက်ကို ကျော်ဖို့လုပ်တော့ ပုခုံးကြောကို နှိပ်ချလိုက်သည့် အထိန်းတော်ဂျင်။

သေချာပေါက် သူ့ကို ဒီလိုလုပ်တာဆိုလို့ အထိန်းတော်ဂျင် တစ်ယောက်သာ ရှိတာမို့ မျက်နှာကို မဲ့ကာပင် လှည့်ကြည့်လိုက်သည်။

' အရှင်က စောင့်နေပါတယ်။ စာကြည့်ဆောင်ကို သွားလိုက်ပါ။ '

' ဒါများ ရိုးရိုးပြောလည်းရတာကို '

လှည့်ကြည့်လာသည်မို့ အသာငြိမ်နေလိုက်ရင်း အရှင့်ဆောင်ကို သွားလိုက်သည်။ တစ်လှမ်းချင်းဖြင့် ဝယ်လာတဲ့ မုန့်တွေကို ထုတ်စားရင်း သွားနေသည့် ဂျွန်ဟာ တစ်နေကုန် ထိုင်စောင့်နေသည့် အရှင့်ကိုတော့ နည်းနည်းလေးမှ ထည့်မတွေး။

အဆောင်ရှေ့ရောက်တော့ အပျိုတော်ခေါင်းဆောင်ဟာ အရှင့်ကို အသိပေးဖို့ လုပ်သည်မို့ သူအမြန်တားလိုက်ရင်း သူ့ဘာသူသာ တွန်းတံခါးလေးကို ဖွင့်ကာ ဝင်သွားလိုက်သည်။

စာကြည့်ဆောင်ထဲကို ဝင်လိုက်တော့ တိတ်ဆိတ်နေသည့် အခြေအနေပေမို့ အရှင်ရော ရှိရဲ့လားလို့သာ တွေးလိုက်မိသည်။

စာအုပ်တစ်အုပ်ကို ယူလိုက်ပြီးမှ အရှင့်စာကြည့်စားပွဲကို သွားလိုက်သည်။ မျက်နှာချင်းဆိုင် အနေအထားမှာ ထိုင်နေသည့် အရှင်ဟာ သူ့ခြေသံကို ကြားနေပမယ့် အဖတ်မလုပ်။

ရေးစရာရှိသည့် စာကိုသာ ရေးနေသည်မို့ ဂျွန် လက်ထဲက စာအုပ်ကို ပိုက်ကာပင် အရှင့်နောက်ကို သွားလိုက်သည်။

ကျွန်းသားခုံရဲ့ လက်တန်းပေါ် တင်ပါးလွှဲထိုင်ရင်း အရှင့်ကိုယ်လေးကို ပွေ့ဖက်လိုက်သည်။ အရှင့် ပါးလေးကို မထိတထိ နမ်းနေသည့် ဂျွန်ဟာ ရောက်လာထဲက ငြိမ်ငြိမ်ကို မနေပါ‌။

THE NAWROYA - နော်ရိုရာအရှင်حيث تعيش القصص. اكتشف الآن